နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် ကျင်းပ

ရန်ကုန်၊ မေ ၈

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြီးမှူး၍ “ကလေးများ အနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်စို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဆောင်ပုဒ်ဖြင့် ကမ္ဘာ့ကာကွယ် ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား (၂ဝ၂၄) ကို ယမန်နေ့ နံနက်ပိုင်းက ဗဟန်းမြို့နယ် တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပ သည်။

ရှေးဦးစွာ  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကာကွယ်ဆေးထိုးနှံတိုက် ကျွေးခြင်းလုပ်ငန်းသည် နှစ်စဉ် အသက်ပေါင်းများစွာကို ကယ်တင် ပေးလျက်ရှိပြီး၊ တစ်ကမ္ဘာလုံးတွင် ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်လာခြင်း၏ အောင်မြင်မှု ပြယုဂ်တစ်ခု ဖြစ်ပါကြောင်း၊ ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသော ရောဂါပေါင်း (၂၀) ကျော်ကို ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက် ကျွေးပေးခြင်းဖြင့် ကာကွယ်ဟန့်တားနိုင်ခဲ့သဖြင့် မြန်မာနိုင်ငံတွင် ရောဂါ (၁၃) မျိုးကို ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်တွင် ထည့်သွင်းထိုးနှံတိုက်ကျွေးပေးလျက်ရှိရာ၊ ကလေးငယ်များအား မွေးစမှ တစ်နှစ်ခွဲ၊ အသက် ငါးနှစ်အရွယ် ကလေးများ၊ အသက် ကိုးနှစ်မှ (၁ဝ) နှစ် အရွယ် မိန်းကလေးများ၊ ကိုယ်ဝန်ဆောင်မိခင် များကို အသက်အရွယ်အလိုက် သတ်မှတ်ထားသောကာကွယ်ဆေး များ ပုံမှန်ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း၊ ထိုးနှံတိုက်‌ကျွေးပေးသော ကာကွယ်ဆေးများမှာ အသည်းရောင် အသားဝါဘီ ကာကွယ်ဆေး၊ ဘီစီဂျီငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ဆေး၊ ပိုလီယိုရောဂါ ကာကွယ်ဆေး (အစက်ချဆေး၊ ထိုးဆေး)၊ ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ် ဆေး၊ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးနှင့် ဂျပန်ဦးနှောက် ရောင်ရောဂါ ကာကွယ်ဆေးတို့ကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကျွမ်းကျင် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံတိုက်ကျွေးပေးလျက်ရှိပါကြောင်း၊ ယခု (၂ဝ၂၄)ခုနှစ် ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနားသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကာကွယ်ဆေးထိုး လုပ်ငန်းစတင်ခဲ့သည့် နှစ် (၅ဝ) မြောက် ရွှေရတု နှစ်ပတ်လည် ကျရောက်သည့်နှစ်ဖြစ်သဖြင့် ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သည့် “ကလေးများ အနာဂတ်လှပဖို့ လူတိုင်းပါဝင် ဆောင်ရွက်စို့ကာကွယ် ဆေးဖြင့် အသက်ကယ်စို့” ဟူသော ဆောင်ပုဒ်ဖြင့် ဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် (၂၀၂၄) ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေး ရေး ရက်သတ္တပတ် အထိမ်းအမှတ် Video Clip ကို ပြသသည်။

ဆက်လက်၍ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိ သော ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီး များနှင့် တာဝန်ရှိသူများက၊ အသက်ငါးနှစ်အောက် ကလေးများကို ကာကွယ်ဆေးထိုးနှံတိုက်ကျွေးကာ လက်ဆောင်ပစ္စည်းများပေးအပ် ကြပြီး ကျန်းမာရေး ဝန်ထမ်းများက ကလေးငယ်များအား ကာကွယ် ဆေးထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးကြသည်။







ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ