နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိမိသဘောဆန္ဒအရ ပြည်သူ့စစ်မှုထမ်းလို‌သူများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့ ကြိုဆိုနှုတ်ဆက်

ရန်ကုန်၊ မေ ၈

မိမိသဘောဆန္ဒအရ ပြည် သူ့စစ်မှုထမ်းလို‌သူများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊  ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများက ကြိုဆို နှုတ်ဆက်ပွဲကို ယမန်နေ့နံနက် ပိုင်းက လှိုင်မြို့နယ်  အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေး စခန်း (ဘုရင့်နောင်)တွင်ပြုလုပ် သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးမှ မိမိသဘောဆန္ဒအရ ပြည်သူ့ စစ်မှုထမ်းလို‌သူများအား တိုင်း ဒေသကြီးအစိုးရအဖွဲ့ အစီအစဉ် ဖြင့် YBS မော်တော်ယာဉ်(၂၄) စီးဖြင့် သက်ဆိုင်ရာခရိုင်အလိုက် စုရပ်များတွင် သွားရောက်ကြို ဆိုကာ အမှတ် (၁) ဘုရင့်နောင် တည်းခိုရေးစခန်းသို့ ပို့ဆောင် ပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ကြိုဆို ကြပြီး  တစ်ဦးချင်းစီအတွက် တစ်ကိုယ်ရည်သုံးပစ္စည်း (၁၆) မျိုးပါဝင်သော ပစ္စည်းစုံအိတ် များ၊ ထမင်းကြော်ဘူးများ၊ အချို ရည်ဘူးများ၊ ရေသန့်ဘူးများ ဝေငှပေးအပ်သည်။ 

တိုင်းဒေသကြီးအတွင်း မိမိသဘောဆန္ဒအရ ပြည်သူ့ စစ်မှုထမ်းလို‌သူ (၂၉၄) ဦးတို့ အား သက်ဆိုင်ရာသင်တန်း ကျောင်းများနှင့် စုရပ်များသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် အစီ အစဉ်ဖြင့် ဆက်လက်ပို့ဆောင် ပေးသွားမည်ဖြစ်သည်။








တိုင်းဒေသကြီး

(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ