နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မော်လမြိုင်မြို့နယ် ကျိုက်သလ္လံဘုရားလမ်း၊ အောင်တော်မူဘုန်းကြီးကျောင်း ရှေ့တွင် ညောင်ပင်ကိုင်းကျိုးကျမှုအား ရှင်းလင်းဖယ်ရှား

မော်လမြိုင်  ဇူလိုင်၂


ဇွန် ၂၉ ရက်၊ နံနက် ၁၁ နာရီ ၄၂ မိနစ်အချိန်ခန့်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံဘုရားလမ်း၊ အောင်တော်မူဘုန်းကြီးကျောင်းရှေ့တွင် လုံးပတ်(၁၀)ပေခန့်၊ အမြင့် (၂၅)ပေ ခန့်ရှိ ညောင်ပင်၏ လုံးပတ်(၃)ပေ၊ အရှည်(၂၀)ပေခန့်ရှိ ညောင်ပင်ကိုင်းသည် လမ်းမပေါ်သို့ ကျိုးကျမှု ဖြစ်ပွားခဲ့ပါသည်။ 


အဆိုပါဖြစ်ပွားရာနေရာသို့ နံနက် ၁၁ နာရီ ၄၆ မိနစ်အချိန်တွင် မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင် များသည် ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး အဆိုပါ ဖြစ်စဉ်တွင် လူ၊ တိရစ္ဆာန်ထိခိုက်မှုမရှိပါကြောင်းသိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ