နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စည်းကမ်းတကျ လိုက်နာစေချင်

ရန်ကုန်   ဇူလိုင်    ၂


ရန်ကုန်မြို့တော်တွင် လူဦးရေတိုးတက်များပြားလာမှု၊ တစ်နိုင်ငံလုံးမှ ကုန်စည်များစုစည်းရောက်ရှိ၍ ကုန်သွယ်မှုထွက်ပေါက်ဖြစ်ခြင်း ပြည်တွင်းခရီးသွားများဆုံဆည်းရာဖြစ်ခြင်းကြောင့် ယာဉ်ကြောကျပ်တည်း မှုများဖြစ်ပေါ်လျက်ရှိသည်။


ယနေ့ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်ရေးအတွက် မြန်မာနိုင်ငံတွင် စည်းမျဉ်း စည်းကမ်းများကို စောစီးစွာချမှတ်လိုက်နာကျင့်သုံးခဲ့သည့်အတွက် ရန်ကုန်မြို့နေပြည်သူများ လိုက်နာမှု ကောင်းမွန်ခဲ့၍ ယာဉ်အသွားအလာနှင့် ခရီးသွားသူများတုံ့ဆိုင်းခဲ့သည်။ လူအများ မိမိကိုယ်ကိုယ်သတိဖြင့် နေထိုင်ခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ကိုမကြာခဏဆပ်ပြာဖြင့် ဆေးကြောခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။


နိုင်ငံတော်သည် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်မှုအတွက် နှစ်ပတ်တစ်ကြိမ် အခြေအနေများကိုသုံးသပ်ပြီး ဆက်လက်ထိန်းသိမ်းရမည့်စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့သင့်သည်ကို ဖြေလျှော့ခြင်း၊ မြှင့်တင်သင့်သည်ကို ဆုံးဖြတ်ဆောင်ရွက်လျက်ရှိသည်။ 


ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုပုံစံသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံကွာခြားကြောင်း တစ်နေရာနှင့်တစ်နေရာ အပေါ်အခြေခံ၍ ပြောင်းလဲသွားကြောင်း ရောဂါလက္ခဏာလုံးဝမပြသဘဲ ကူးစက်ခြင်းသည် အလွန်       ကြောက်မက်ဖွယ်ကောင်းကြောင်း တာဝန်ရှိသူများက အသိပေးထားသည်။


မိမိနေအိမ်တွင်နေထိုင်ရေးအစီအစဉ်များကို မြို့နယ်များတွင်ဖြေလျှော့မှုများ ဆောင်ရွက်ပေးလာသည်နှင့် အညီ မြို့ပြနေပြည်သူများ မိသားစုစားဝတ်နေရေးအတွက် လုပ်ငန်းခွင်များသို့ဆက်သွယ်သွားလာလှုပ်ရှား လာကြသည်။ ယာဉ်၊ ရထားအသုံးပြုသူများ များပြားလာသည်။


ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများလိုက်နာမှုလျော့ရဲလာသည်။ ယာဉ်များပေါ်နှင့် ဈေးများတွင် အခြားသူများနှင့်အချိန်ကြာကြာထိတွေ့နိုင်သည့်နေရာများတွင် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ မျက်နှာဖုံးတပ်ဆင်ခြင်းမရှိ၊ လက်ကိုခဏခဏဆေးရန်သတိမမူဘဲ ပြည်သူများပေါ့ဆလာသည်ကို ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက စိုးရိမ်သတိပေးလာသည်။


ရန်ကုန်မြို့အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများထိန်းသိမ်းရာတွင် ယာဉ်ကြောပိတ်ဆို့မှုလျော့ နည်းရေး၊ ခရီးသွားပြည်သူလူထုအဆင်ပြေစွာခရီးသွားလာနိုင်ရေး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များက ဆောင်ရွက်ပေးလျက်ရှိသည်။ သို့သော်လည်း ယာဉ်ကြောကျပ်တည်းမှုနှင့် ယာဉ်မတော်တဆဖြစ်ပွားမှုများသိသာစွာလျော့နည်းခြင်းမရှိသည်ကို တွေ့ရပေသည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းလိုက်နာဆောင်ရွက်ခြင်း၊ ယာဉ်မတော်တဆမှုများမှကင်းဝေးစေရေးအတွက် အသိ၊သတိ နှလုံးသွင်းဆင်ခြင်လိုက်နာစေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ