နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးနိုင်ငံတွင် မြေပြိုမှုဖြစ်ပွား၍ အနည်းဆုံး လူ ၂၃ ဦး သေဆုံး

ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုပြည်နယ် နှင့် ရီယိုဒီဂျနေးရိုးပြည်နယ်များ၏ ကမ်းရိုးတန်းဒေသများတွင် မိုး သည်းသည်းထန်ထန်ရွာသွန်းပြီး မြေပြိုမှု များ ဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၂၃ ဦး သေဆုံးခဲ့ပြီး လူ ၃၀ ကျော် ပျောက်ဆုံးလျက်ရှိသည်။ မီးသတ်သမားများနှင့် ကယ်ဆယ်ရေး အဖွဲ့ဝင်များက ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေ နေဆဲဖြစ်၍ သေဆုံးသူ အရေအတွက် မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ မြေပြိုမှုဒဏ် အဆိုးရွားဆုံးခံစားခဲ့ရ သည့် ဆော်ပေါ်လိုပြည်နယ်တွင် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများတွင် သားအမိနှစ်ဦးနှင့် မီးသတ်သမားနှစ်ဦး ပါဝင်သည်။ မီးသတ်သမားများက အပျက်အစီးများ ကြား ပိတ်မိနေသည့် ကလေးငယ်ကို ကယ်ဆယ်ရန် ကြိုးစားနေချိန်တွင် ဒုတိယအကြိမ် မြေပြိုမှုဖြစ်ပွားခဲ့၍ ယင်းတို့ပါ သေဆုံးခဲ့ရသည်။ ဂွာရူဂျာ ဒေသတွင် မြေပြိုမှုကြောင့် နေအိမ် အများအပြား ပြိုလဲခဲ့သည်။ ရှာဖွေရေးနှင့် ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဒေသခံများက မီးသတ်သမားများကို ပါဝင်ကူညီလျက်ရှိသည်။ မြေပြိုမှုနှင့် သစ်ပင်ပြိုလဲမှုများ ကြောင့် လမ်းအများအပြားတွင် အသွားအလာ ပြတ်တောက်ခဲ့သည်။ ရီယိုဒီဂျနေးရိုး ပြည်နယ်တွင် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့သည်။ ဆော်ပေါ်လိုနှင့် ရီယိုဒီဂျနေးရိုးပြည်နယ်များတွင် နာရီပိုင်း အတွင်း ရွာသွန်းခဲ့သည့် မိုးရေချိန် ပမာဏမှာ တစ်လစာ မိုးရေချိန်ပမာဏ ရှိသည်။ ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းဒေသ မှာ အထူးသဖြင့် ပူပြင်းသည့် နွေရာသီ မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး မုန်တိုင်းတိုက်ခတ်မှုများ ကြုံရလေ့ရှိ သည်။ ပြီးခဲ့သည့် ဇန်နဝါရီလကလည်း မိုင်နက်စ်ဂျရိုက်ပြည်နယ်တွင် မုန်တိုင်း တိုက်ခတ်ခဲ့၍ အနည်းဆုံး လူ ၃၀ သေဆုံး ခဲ့သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ