နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်တွင် ကမ္ဘာ့အရှည်ဆုံး ပေါင်မုန့် ပြုလုပ်

ပဲရစ်၊မေ ၇ 

ပြင်သစ်မုန့်ဖုတ်သူများသည် ကမ္ဘာ့အရှည်လျားဆုံး ဘတ်ဂက် ပေါင်မုန့်တစ်ခုကို မုန့်ဖိုတွင်ဖုတ်ပြီး ကမ္ဘာ့စံချိန် ချိုးလိုက်ကြောင်း သိရ သည်။

လွန်ခဲ့သည့်ငါးနှစ်ကအီတလီ နိုင်ငံက ရရှိထားသည့် ပေါင်မုန့်ရှည် စံချိန်ကို ပြင်သစ်မုန့်ဖုတ်သမားများ စံချိန်သစ်ချိုးပြီး ဖြတ်ကျော်လိုက် ခြင်းဖြစ်ကာ ယခုပေါင်မုန့်ကို ကမ္ဘာ့ ဂင်းနစ်စံချိန် မှတ်တမ်းကလည်း အတည်ပြုထားပြီးဖြစ်ကြောင်း သိရ သည်။

ပုံမှန်လုပ်နေကျ ဘတ်ဂက်ပေါင်မုန့် ရှည်ထက် ၂၃၅ ဆ ပိုရှည်သည့် မုန့်ကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော် ဆင်ခြေ ဖုံးဒေသတွင် ကျင်းပသည့် ပြင်သစ် မုန့်ဖုတ်လုပ်ငန်းရှင်များအသင်း၏ အခမ်းအနားတစ်ခုတွင်ပြုလုပ်ပြသ ထားပြီး မုန့်အချို့ကို ပွဲသို့လာရောက် ကြည့်ရှုသည့် ပရိသတ်ကို ဝေမျှစား သုံးစေကာ ကျန်မုန့်များကို အိမ်ခြေ ရာမဲ့များထံ လှူဒါန်းကျွေးမွေးမည် ဖြစ်ကြောင်း သိရသည်။

ယခင်က အရှည်ဆုံး ဘတ်ဂက် ပေါင်မုန့်သည်  ၄၃၅ ပေရှည်ပြီး ယင်းကို အီတလီနိုင်ငံ ကိုမိုမြို့တွင် ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။                               








(ref:AP)






အခြားဆက်စပ်သတင်းများ