နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယားတွင် စွန့်ပစ်အညစ်အကြေးများ ဇီဝဓာတ်ငွေ့ ပြန်လည်ထုတ်လုပ်

ဆိုးလ်၊မေ ၇

အူလ်ဆန် အမျိုးသားသိပ္ပံနှင့်နည်း ပညာတက္ကသိုလ်မှ မြို့ပြသဘာဝ ပတ်ဝန်းကျင် အင်ဂျင်နီယာဘာသာရပ် ပါမောက္ခ ချိုကျားဝမ်သည် သဘာဝ ပတ်ဝန်းကျင်နှင့်ကိုက်ညီမည့် ရေအိမ် တစ်ခုဖန်တီးလိုက်ပြီး စွန့်ပစ်အညစ် အကြေးများကို ဇီဝဓာတ်ငွေ့ ပြန်လည် ထုတ်လုပ်နိုင်ကြောင်း မေ ၆ ရက်တွင် ပြောကြားသည်။

၎င်းဖန်တီးထားသော BeeVi ရေအိမ်သည် စွန့်ပစ်အညစ်အကြေး များကို လေစုပ်စက်ဖြင့် စုပ်ယူပြီး မြေအောက်စည်ပိုင်းထဲ ပို့ကာ ဇီဝ ဓာတ်ခွဲပြီးနောက် မီသိန်းဓာတ်ငွေ့ ထုတ်လုပ်မည်ဖြစ်ကာ အဆောက်အအုံ များကို စွမ်းအင်ပြန်ပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။ 

လူတစ်ဦး၏ တစ်နေ့တာ အစာ ဟောင်းစွန့်ပစ်မှု ၅၀၀ ဂရမ်မှ မီသိန်း ဓာတ်ငွေ့ ၅၀ လီတာ ထုတ်လုပ်နိုင် ပြီး စွမ်းအင် ၀ ဒသမ ၅ ကီလိုဝပ် ထွက်ရှိမည်ဖြစ်ကြောင်း ပါမောက္ခ ချိုကျားဝမ်က ပြောသည်။

လက်ရှိတွင် BeeViရေအိမ်အသုံး ပြုသော တက္ကသိုလ် ကျောင်းသားများကို Ggool ဟု အမည်ပေးထားသော ဒစ်ဂျစ်တယ်ငွေကြေးများ ပြန်ပေး မည်ဖြစ်ပြီး အဆိုပါငွေကြေး အသုံး ပြု၍ တက္ကသိုလ်ပရဝုဏ်ထဲရှိ ဆိုင် များတွင် ကော်ဖီ၊ သစ်သီး၊ စာအုပ် စသည်တို့ ပြန်လည် ဝယ်ယူနိုင်ရန်စီစဉ် ပေးထားကြောင်း သိရသည်။ 








(ref:Daily Mail)






အခြားဆက်စပ်သတင်းများ