နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်စွမ်းအင်သုံး လူသားစက်ရုပ် တရုတ်မိတ်ဆက်

ပေကျင်း၊မေ ၇

တရုတ်နိုင်ငံက ၎င်းတို့ကိုယ်ပိုင် တီထွင်ထားသည့် ကမ္ဘာ့ပထမဆုံး လျှပ်စစ်စွမ်းအင်သုံး လူသားစက်ရုပ်ကို ပေကျင်းစီးပွားရေးနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဧရိယာတွင် မေ ၆ ရက်က မိတ်ဆက်ပြသလိုက်သည်။

အဆိုပါ လျှပ်စစ်စွမ်းအင်သုံး လူသား စက်ရုပ်ကို Tiangong ဟု အမည် ပေးထားပြီး ယင်းသည် လူသားကဲ့သို့ အရွယ်အစားအပြည့်ရှိသည့် ကမ္ဘာ့ ပထမဆုံးသော လျှပ်စစ်စွမ်းအင်ဖြင့် လည်ပတ်လုပ်ဆောင်သော စက်ရုပ်ဖြစ် သည်။ 

လူသားစက်ရုပ် Tiangong သည် တစ်နာရီလျှင် ၆ ကီလိုမီတာ သွားလာနိုင်ပြီး အမြင့် ၁ ဒသမ ၆၃ မီတာ (၅ ပေ ၃ လက်မ)ရှိကာ အလေး ချိန်အားဖြင့် ၄၃ ကီလိုဂရမ်ရှိသည့်အပြင် လူသားများကဲ့သို့ ပြေးလွှားနိုင်မည်ဖြစ် ကာ တောင်စောင်းများနှင့် လှေကားများ ကိုလည်း ချိန်ညှိသွားလာနိုင်ကြောင်း သိရသည်။

လူသားစက်ရုပ် Tiangong တွင် အမြင်အာရုံခံကိရိယာအမျိုးမျိုးကို တပ်ဆင်ထားပြီး 3D အမြင် အာရုံခံ ကိရိယာများကိုလည်း တပ်ဆင်ပေးထား သည်ဟုဆိုသည်။             






 (ref:CMG)






အခြားဆက်စပ်သတင်းများ