နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်သမ္မတ ဥရောပသုံးနိုင်ငံ ခရီးစဉ်စတင်

ပေကျင်း၊ မေ ၇

အမေရိကန်-တရုတ် အားပြိုင် မှုနှင့်ပတ်သက်၍ ဒေသတွင်း ကွဲပြား မှုများရှိနေစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင် က ယင်း၏ ဥရောပသုံးနိုင်ငံ ခရီးစဉ် စတင်လိုက်ပြီဖြစ်သည်။ 

ဥရောပကားထုတ်လုပ်သူများသည် တရုတ်လျှပ်စစ်ကားများကြောင့် ဈေးကွက် ဆုံးရှုံးလာပြီး တရုတ်သည် ရုရှားနှင့် ကာကွယ်ရေးပစ္စည်းဆိုင်ရာ ကုန်သွယ် မှု လုပ်ဆောင်နေခြင်းကြောင့် ဥရောပ ဘက်တွင် စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

သို့ရာတွင် ဥရောပနှင့်တရုတ်သည် စီးပွားရေးအရ ခိုင်မာသည့် ဆက်ဆံ ရေးရှိပြီး ဥရောပ-တရုတ် ကုန်သွယ် မှုသည် တစ်ရက်လျှင် ယူရို ၂ ဒသမ ၃ ဘီလီယံရှိသည်ဟု ခန့်မှန်းထား ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကာလကြာရှည်ပျက်ကွက်မှု ဖြစ်နေ သည့် ဥရောပခေါင်းဆောင်များနှင့် ဆက်ဆံရေးကို လေးနက်စွာပြန်တည် ဆောက်ရန် သမ္မတရှီက ဆုံးဖြတ်ထား သည်ဟု ဆိုသည်။ 

သမ္မတရှီသည် ဥရောပသုံးနိုင်ငံ ခရီးစဉ်အတွင်း ပြင်သစ်ကို ကနဦး ရောက်ရှိနေပြီး ဆာဘီးယားနှင့်ဟန် ဂေရီနိုင်ငံများသို့ ဆက်လက်သွား ရောက်မည်ဖြစ်ကာ ယင်းနှစ်နိုင်ငံလုံး သည်များပြားသည့် တရုတ်ရင်းနှီးမြှုပ် နှံမှုများကို လက်ခံထားကြောင်း သိရ သည်။                                   






(ref:AP)






အခြားဆက်စပ်သတင်းများ