နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေရာသီရေရှားပါး ပြတ်လပ်မှုရှိနိုင်သည့် ကျေးရွာ (၁၀၁) ရွာအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်

ရန်ကုန် မတ် ၆

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် နွေရာသီရေရှားပါး ပြတ်လပ်မှုရှိနိုင်သည့် ကျေးရွာ (၁၀၁) ရွာအတွက် ကြိုတင်ပြင်ဆင် ထားပြီး ကျေးရွာပေါင်း (၄၉) ရွာတွင်  သောက်သုံးရေ ဖြန့်ဝေလျက်ရှိ ကြောင်းကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။ 

“၂၀၂၄ ခုနှစ်မှာ ခန့်မှန်းရွာပေါင်း ၁၀၁ ရွာလောက် ရေရှားပါးနိုင် တယ်လို့ ခန့်မှန်းခဲ့ပေမယ့်လည်း ဒီကနေ့ ပြည်နယ်နဲ့တိုင်းဒေသကြီး ခုနစ်ခုက စုစုပေါင်း ရွာ ၄၉ ရွာ ရေရှားပါးပြတ်လပ်တာ ကြုံတွေ့နေရလို့ ဌာနအနေနဲ့ သက်ဆိုင်ရာမြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ရေဖြန့်ဝေပေးနေပြီဖြစ်ပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေပေးဝေမှုအနေဖြင့်နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် သုံးရွာ၊ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်တွင် လေးရွာ၊ လှိုင်းဘွဲ့မြို့နယ်တွင် ခြောက်ရွာ၊ မကွေးတိုင်း၊ ချောက်မြို့နယ်တွင် တစ်ရွာ၊ မန္တလေးတိုင်း၊ ရမည်းသင်းမြို့တွင် တစ်ရွာ၊ မွန်ပြည်နယ်၊ သထုံမြို့တွင် ငါးရွာ၊ ပေါင်မြို့တွင် ငါးရွာ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့တွင် ရှစ်ရွာ၊ မိုးနဲမြို့တွင်သုံးရွာ၊ ပင်လောင်းမြို့တွင် ခြောက်ရွာ၊ ရွာငံမြိုတွင် နှစ်ရွာ၊ ဧရာဝတီတိုင်း၊ လပွတ္တာမြို့တွင် တစ်ရွာ၊ ငပုတောမြို့တွင် လေးရွာတို့၌ ရေပြတ်လပ်မှုတွေကြုံတွေ့နေရသဖြင့် ရေဖြန့်ဝေမှုများ ပြုလုပ်ထားသည်။

လက်ရှိတွင် မိုးရွာသွန်းခြင်းမရှိသောကြောင့် နောက်ထပ် ရေပြတ်လပ်မှုကြုံတွေ့နိုင်သည့် ရွာများလည်းတိုးလာနိုင်ပြီး ယခု ရေပေးဝေနေရသောရွာများအတွက် နောက်တစ်ကြိမ် ရေပေးဝေမှု များထပ်မံရှိလာနိုင်ကာ ရေပြတ်လပ်မှုဖြစ်ပေါ်ပါက ဌာနသို့ သတင်း ပေးနိုင်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများက ကွင်းဆင်းကြည့်ရှုခြင်း၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့်ညှိနှိုင်းကာ  ရွာများ၏  ရေအရင်းအမြစ်ကို လေ့လာ၍ မလိုအပ်သေးပါက မလိုသေးကြောင်း ဆွေးနွေးနိုင်ပြီးရေလိုအပ်လာပါက မှတ်တမ်းရယူကာ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွင်းသို့ ဘတ်ဂျက်ထည့်ဆွဲကာ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။







အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ