နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ်၊ ပုဏ္ဏားကုန်းရပ်ကွက်ရှိ အမှတ်(၃၂)အခြေခံပညာ မူလတန်းကျောင်းသန့်ရှင်းသာယာလှပစေရေး

မေ ၁ ရက်က မြို့နယ်စည် ပင်သာယာအုပ်ချုပ်ရေးမှူးကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးနှင့်ဌာနများက တွဲဖက်ဝန်ထမ်းများပူးပေါင်းအင်အား (၂၀)ဦး ဖြင့် သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများဖြတ်ညှိ ပုံသွင်းအလင်းဖွင့်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်း အတွင်းရှိ အမှိုက်နှင့်မြောင်းချေးများဆယ်ယူရှင်းလင်းခြင်း၊ စွန့်ပစ် အမှိုက်များသိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲခဲများလှည်း ကျင်းရှင်းလင်းခြင်း၊ ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိ အမှိုက်၊သစ်ကိုင်းသစ်ခက်နှင့်မြောင်းချေးများကို ယာဉ်တစ်    စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ရေစည်ရေကန်များကို အဘိတ်ဆေးခတ် ခြင်း၊ ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း၊ကျန်းမာရေးပညာပေးလက်ကမ်းစာစောင် များပေးဝေခြင်းတို့ ဆောင်ရွက်ကြစဉ်။                               







ယဉ်မွန်






အခြားဆက်စပ်သတင်းများ