နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွမ်းခြံကုန်းမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်  ဇူလိုင်  ၂


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ဇူလိုင် ၁ ရက် မနက်ပိုင်းက ကော့ဒွန်းမီးသတ်စခန်းပတ်ဝန်းကျင်တွင်ဆောင်ရွက်ခဲ့ကြသည်။ 

အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဦးမြတ်သူထိုက်ဦးဆောင်၍ ကော့ဒွန်းနယ်မြေ မီးသတ်စခန်းမှတပ်ဖွဲ့ဝင်(၂၀)ဦး၊ မိသားစုဝင်(၈)ဦးတို့ဖြင့် မီးသတ်စခန်းပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြည်ရေး၊ အရိပ်အာဝါသရရှိရေး၊ ဂေဟစနစ်ကိုအထောက်အကူပြုရရှိစေရေးအတွက် မလေးရှားပိတောက်၊ ကံ့ကော်၊ ခရေ၊ ပျဉ်းကတိုး၊ ကျွန်း စုစုပေါင်းအပင်(၁၅၀)ခန့်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

                        

ထွန်းထွန်းစိုး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ