နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်း၌ အွန်လိုင်းအခမဲ့ကျန်းမာရေး ဆွေးနွေးမှုများ ငါးလကြာ ကမ်ပိန်းပြုလုပ်မည်

ရန်ကုန်၊ မေ ၆

အက်တမ် (ATOM)နှင့် Trust Oo Co.,Ltd. တို့ ပူးပေါင်း၍ ၂၄ နာရီ အကန့်အသတ်မရှိ အွန်လိုင်းက တစ် ဆင့် အခမဲ့ကျန်းမာရေးဆွေးနွေး ဝန်ဆောင်မှု ရယူနိုင်မည့် Teleme-dicine Campaign ကမ်ပိန်း အစီအစဉ် တစ်ခုကို ပြုလုပ်မည် ဖြစ်ကြောင်းသိရ သည်။

အဆိုပါ ကမ်ပိန်းကို ငါးလကြာပြု လုပ်မည်ဖြစ်ပြီး အက်တမ်(ATOM) ဖုန်းနံပါတ် အသုံးပြုကာ '၇၈၈၇'ကို နှိပ်ရုံဖြင့် ကျန်းမာရေးဝန်ဆောင်မှု များကို အခမဲ့ တိုက်ရိုက်ချိတ်ဆက်ရ ယူနိုင်မည် ဖြစ်သည်။

အွန်လိုင်းကတစ်ဆင့် ကျန်းမာရေးဆွေးနွေးဝန်ဆောင်မှုတွင် ရောဂါ လက္ခဏာအခြေခံတိုင်ပင် ဆွေးနွေး ခြင်း၊ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး၊ အလှအပနှင့် ကျန်းမာရေးလူနေမှုပုံစံ၊ နေ့စဉ် ကျန်းမာရေးဆိုင်ရာအကြံပြု ချက်များ၊ ဆေးရုံနှင့်ဆေးခန်း လမ်း ညွှန်များအစရှိသည့် ကျန်းမာရေးဆိုင် ရာ တိုင်ပင်ဆွေးနွေးမှု များစွာပါဝင် ကြောင်း သိရသည်။ 

မေလမှ စက်တင်ဘာ ၃၀ရက် အထိ ငါးလကြာပြုလုပ်မည့်ကမ်ပိန်း ကာလအတွင်း အက်တမ် (ATOM) အသုံးပြုသူများအနေဖြင့် အခမဲ့ ကျန်းမာရေးဆွေးနွေး ဝန်ဆောင်မှုကို ရယူအသုံးပြုသူများအနက် ကံထူး ရှင် ၁၁ ဦးကို မဲနှိုက်ရွေးချယ်သွား မည်ဖြစ်ပြီး ၎င်းတို့ကိုကျန်းမာရေး ဖြည့်စွက်စာများ၊ မိုဘိုင်းဖုန်းများ၊ မိသားစုကျန်းမာရေးအတွက် Oxime-ter ၊ သွေးပေါင်ချိန်စက်၊ အဖျားတိုင်း သာမိုမီတာ၊ ရှေးဦးသူနာပြုဆေးဝါးများ နှင့်ပေါင်ချိန်စက်တို့ပါဝင်သည့်ဆေး သေတ္တာဘူးများစသည့်မေတ္တာဆုလက် ဆောင်များ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးနှင့်ပတ်သက်၍ ငွေကြေးပိုင်းဆိုင်ရာ အကျပ်အတည်း ကြုံတွေ့နေပါက '၇၈၈၇'ကို ခေါ်ဆိုကာ အထူးဆေးဝါးကုသမှု အထောက်အပံ့ အတွက် စာရင်းပေးသွင်းနိုင်ပြီးအခြေ အနေပေါ်မူတည်၍ အထူးဆေးဝါး ကုသမှု အထောက်အပံ့ရရှိနိုင်မည့်သူ နှစ်ဦးကို စိစစ်ရွေးချယ်ကာ မြန်မာ ငွေကျပ်သိန်း ၅၀ နှင့်ညီမျှသော ဆေးကုသခွင့် ပေးအပ်သွားမည် ဖြစ် ကြောင်း သိရသည်။               

       







(008)






အခြားဆက်စပ်သတင်းများ