နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုအတွက် တိုက်စစ်မှူး ဟာလန်းထိပ်ဆုံးမှဦးဆောင်

မေ ၆

ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့သည့် မန်စီးတီးအသင်း က ဝုဗ်အသင်းကို ငါးဂိုး၊ တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့ သော ပွဲစဉ်တွင် တိုက်စစ်မှူး ဟာလန်းကအသင်း အတွက် သွင်းဂိုးလေးဂိုးသွင်းယူ နိုင်ခဲ့သောကြောင့် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုအတွက်ထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့ကာ ရွှေဖိနပ်ဆု ရရှိရန် နီးစပ်လျက်ရှိကြောင်း သိ ရသည်။

တိုက်စစ်မှူး ဟာလန်းသည် ဝုဗ်အသင်းနှင့်ပွဲစဉ်မတိုင်မီ ပရီးမီးယားလိဂ်သွင်းဂိုး၂၁ ဂိုး ဖြင့် ဒုတိယနေရာမှချဲလ်ဆီး အသင်းကစားသမားပယ်လ်မာ ကို တစ်ဂိုးအသာဖြင့်ဦးဆောင် နေသော်လည်း ဝုဗ်အသင်းနှင့် ပွဲစဉ်တွင် အသင်းအတွက်သွင်း ဂိုးလေးဂိုးသွင်းယူနိုင်ခဲ့ပြီးသွင်း ဂိုး ၂၅ ဂိုးဖြင့် ရွှေဖိနပ်ဆုရရှိရန် နီးစပ်နေခြင်းဖြစ်သည်။

ပရီးမီးယားလိဂ် သွင်းဂိုး အများဆုံးကစားသမား စာရင်း တွင် ဟာလန်းက သွင်းဂိုး၂၅ ဂိုးဖြင့် ပထမ၊ ချဲလ်ဆီးအသင်း က ပယ်လ်မာနှင့်နယူးကာ ဆယ်အသင်းက အစ်ဆက်ခ်တို့ က သွင်းဂိုး ၂၀ ဖြင့် ဒုတိယနေရာ တွင် ပူးတွဲ ရပ်တည်လျက်ရှိပြီး လက်ကျန်သုံးပွဲသာကစားရန် ကျန်ရှိနေချိန်တွင်ဟာလန်း၏ သွင်းဂိုးအရေအတွက်ကို လိုက် မီရန်မသေချာသောကြောင့် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု အတွက် ဟာလန်းက ရေပန်းစား လျက်ရှိသည်။







သူရိန်






အခြားဆက်စပ်သတင်းများ