သဘာဝဘေးဟူသည် ရှောင်လွှဲ၍မရသည့်ဘေးအန္တရာယ် တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံတိုင်းတွင် သဘာဝဘေးဒဏ်များကို ခံစားရလေ့ရှိသည်။ ယနေ့အခြေအနေ တွင် ကမ္ဘာ့ပြည်သူတစ်ရပ်လုံးနှင့်အတူ မြန်မာနိုင်ငံအပါအဝင် ကြုံတွေ့နေရသော ပြဿနာတစ်ရပ်မှာ အပူရှိန်မြင့်တက်လာမှုနှင့် မုန်တိုင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်သည်။
ယူအေအီးနိုင်ငံတွင် မေ ၃ ရက် မုန်တိုင်းတိုက်ခတ်ပြီး နောက် နိုင်ငံဒေသအသီးသီးတွင် မိုးသည်းထန်စွာရွာသွန်းမှု၊ အာဖဂန်နိုင်ငံ အနောက်ပိုင်းနှင့်မြောက်ပိုင်းတွင် လွန်ခဲ့သည့်ရက်အနည်းငယ် အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ် ပေါ်ခဲ့သည်။
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် မြန်မာနိုင်ငံ ပြင်ပနိုင်ငံများတွင် အင်အားအသင့်အတင့်ရှိ မြေငလျင်များ ဆက်တိုက်လှုပ်ရှားလာသည်။
မြန်မာနိုင်ငံတွင်လည်း အပူရှိန်မြင့်မားမှုကြောင့် မြို့နယ်အချို့ တွင် အပူရှောင်စခန်းများ ဖွင့်လှစ်စောင့်ရှောက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်နှစ်စဉ် မီးလောင်မှုများဖြစ်ပွားလျက်ရှိရာ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း မီးလောင်မှု အကြိမ်ပေါင်း ၁၈၀၀၀ ခန့် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၈၇ ဘီလီယံကျော်ခန့်ရှိသည်။ နိုင်ငံတစ်ဝန်းလုံး ပျမ်းမျှအားဖြင့် တစ်နှစ်တွင် အကြိမ်ရေ ၁၈၀၀ ခန့်ဖြစ်ပွားပြီး ဆုံးရှုံးမှုအနေဖြင့် နှစ်စဉ် ၁၈ ဘီလီယံကျော် ဆုံးရှုံးနေသည်။
ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့်အတူ နိုင်ငံအလိုက် လူဦးရေတိုးပွားလာမှုများနှင့် စက်မှုနည်းပညာများဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ မီးလောင်မှုဖြစ်စဉ်များ များလာသည်။ မီးဘေး အန္တရာယ်လျော့ကျစေရေးအတွက် ပြည်သူလူထုအတွင်းမီးသတိ ပြုရေးနှင့်မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာများ စိမ့်ဝင်ပျံနှံ့ အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သဘာဝဘေးအန္တရာယ်သည် နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ် တိုးတက်ရေးအဟန့်အတားဖြစ်စေသည့်အဓိကစိန်ခေါ်မှု တစ်ရပ် ဖြစ်သည်။ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်း တွက်ချက်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းပါးနိုင်သမျှနည်းပါး အောင် ကာကွယ်နိုင်မည်ဆိုချင်ပါကြောင်း။