နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်တံတားမြို့နယ်တွင် ရပ်ကွက်အခြေပြု သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး

ရန်ကုန်   ဇူလိုင်  ၂


ကျောက်တံတားမြို့နယ်တွင်   မိုးရာသီကာလတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက်အခြေပြု သွေးလွန်တုပ်ကွေးရာဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းကို တစ်ရပ်ကွက်တစ်ရက်နှုန်းဖြင့်ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၁ ရက်က ကျောက်တံတားမြို့နယ် အမှတ်(၇)ရပ်ကွက်ရှိနေအိမ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးမှူးများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် များက ရပ်ကွက်အတွင်း နေအိမ်များသို့သွားရောက်ကာ ရေသုံးစွဲရန်ထည့်ထားသော ရေကန်၊ အုတ်ကန်၊ ရေအိုး၊ ဘုရားပန်းအိုး အစရှိသည်တို့တွင်ပိုးလောက်လမ်းများမရှိစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း များနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးပြောကြားခြင်းနှင့် အဘိက်ဆေးခတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ရွှေနန်းမေ(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ