နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်စစ်မှူး ဗာဒီကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် လက်စတာအသင်း စီစဉ်

မေ  ၅

လက်စတာအသင်းသည် လာမည့် ဇွန်လတွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် တိုက်စစ်မှူး ဗာဒီကို တစ်နှစ် သက်တမ်းတိုးရန် စီစဉ်နေ ကြောင်း သိရသည်။

တိုက်စစ်မှူး ဗာဒီသည် လက်စတာအသင်းအတွက် ၁၀ စုနှစ် တစ်ခုကျော် ကစားခဲ့ပြီး နောက် လာမည့် ဇွန်လတွင် အသင်းနှင့် သက်တမ်းကုန်ဆုံး မည်ဖြစ်သော်လည်း ၎င်းအနေ ဖြင့် အသင်းအတွက် ပုံစံကောင်း များ ပြသလျက်ရှိသည်။ 

ထို့ပြင် အသက် ၃၇ နှစ် အရွယ်ရှိ ဗာဒီသည် ယခုနှစ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် လက်စ တာအသင်းအတွက် သွင်းဂိုး ၁၈ ဂိုး သွင်းယူကာ အသင်းအား ဆုဖလားရရှိအောင် အဓိကနေရာ မှ စွမ်းဆောင်နိုင်ခဲ့သောကြောင့် တာဝန်ရှိသူများက တစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်  ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

သို့သော် လက်စတာအသင်း သည် ၂၀၁၅-၂၀၁၆ ဘောလုံး ရာသီက ပရီးမီးယားလိဂ်ချန်ပီ ယံဆုဖလား ရယူနိုင်ခဲ့သော်လည်း ဘဏ္ဍာရေးစည်းမျဉ်းကို ကျော်လွန် သွားမည်ဖြစ်သောကြောင့် ကစား သမားနှင့် ကလပ်အသင်းတို့ ကြား သက်တမ်းတိုးကိစ္စအတွက်  အဖြေရှာရမည်ဖြစ်ကြောင်း သိရ သည်။                                   







သူရိန်






အခြားဆက်စပ်သတင်းများ