နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ် အကောင်းဆုံးဂိုးသမားဆု ရာယာ ဆွတ်ခူး

မေ  ၅

၂၀၂၃-၂၀၂၄ ဘောလုံး ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ တစ်နှစ်တာ အကောင်းဆုံး ဂိုးသမားဆုကို အာဆင်နယ် အသင်း ဂိုးသမား ရာယာက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်း ဂိုးသမား ရာယာသည် ပရီးမီးယာလိဂ်ပြိုင်ပွဲ တွင် ဂိုးမပေးရသည့် ပွဲစဉ် ၁၅ ပွဲ အထိရှိခဲ့ပြီး ဒုတိယနေရာမှ အဲဗာတန်းဂိုးသမား ပစ်ဖို့ဒ်က လူတန်အသင်းနှင့်ပွဲစဉ်တွင် ဂိုးပေးရပြီးနောက် ယခုနှစ် အမှတ်ပေးပြိုင်ပွဲ ပြီးဆုံးရန် နှစ်ပွဲအလိုတွင် Clean Sheet ၁၂ ပွဲသာရရှိခဲ့သဖြင့် ဂိုးသမား ရာယာက တစ်နှစ်တာ အကောင်းဆုံး ဂိုးသမားဆု ရရှိခဲ့ခြင်းဖြစ်သည်။

ဂိုးသမား ရာယာသည် ပြီးခဲ့ သည့် နွေရာသီက ဘရန့်ဖို့ဒ် အသင်းမှ အာဆင်နယ်အသင်း သို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ ကစားခဲ့ခြင်းဖြစ်ကာ လက်စွမ်း ပြသနိုင်ခဲ့သောကြောင့် နည်းပြ အာတီတာ၏ ယုံကြည်မှုကို ရခဲ့ပြီး ပထမဦးစားပေး ဂိုးသမား နေရာကို ရရှိခဲ့ကာ ပရီးမီးယား လိဂ်ပြိုင်ပွဲ ပြီးဆုံးရန် နှစ်ပွဲအလို တွင် Clean Sheet ၁၅ ပွဲဖြင့် ဒုတိယနေရာမှ Clean Sheet ၁၂ ပွဲရရှိထားသည့် ပစ်ဖို့ဒ်၊ တတိယနေရာမှ Clean Sheet ၁၀ ပွဲရရှိထားသည့် လီနိုတို့ကို ကျော်ဖြတ်၍ ရွှေလက်အိတ်ဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆု အတွက် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်နေရပြီး ပြိုင်ပွဲပြီးဆုံးရန် နှစ်ပွဲအလိုတွင် ရမှတ် ၈၃ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားသော်လည်း ဒုတိယ နေရာမှ မန်စီးတီးအသင်းထက် တစ်ပွဲပို ကစားထားပြီး တစ်မှတ်သာ  ကွာဟလျက်ရှိသည်။         







သူရိန်






အခြားဆက်စပ်သတင်းများ