နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် The USAID Essential Health Project မှ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသို့ COVID-19 ရောဂါကာကွယ်ရေးတွင် အသုံးပြုရန် ပစ္စည်းများလှူဒါန်း

ရန်ကုန်    ဇူလိုင်    ၂


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပင်လုံလမ်းရှိ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံးခန်းမတွင် ဇူလိုင် ၁ ရက်က The USAID Essential Health Project မှ  မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသို့ ကိုယ်ဝန်ဆောင်မိခင်၊ မွေးကင်းစနှင့် ငါးနှစ်အောက် ကလေးများအတွက် Covid-19 ရောဂါကာကွယ်ရေးတွင်အသုံးပြုနိုင်ရန် အလွယ်တကူရွှေ့ပြောင်းနိုင်သော လက်ဆေးကန်များ၊ လက်ဆေးဆပ်ပြာ၊ ဆပ်ပြာရည်ဘူးများ၊ အသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင် များအား လှူဒါန်းခဲ့ကြောင်း သိရသည်။ 


အဆိုပါလှူဒါန်းမှုတွင် The USAID Essential Health Project မှ  ဒေါက်တာမေဖြူစင်က အလွယ်တကူ ရွှေ့ပြောင်းနိုင်သော လက်ဆေးကန် (၂၉)လုံး၊ လက်ဆေးရည် (၂၉)ဘူးနှင့် ဆပ်ပြာခဲ(၈၀၀၀)တို့ကိုပေးအပ်ရာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ဥမ္မာဝင်းက      ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။                                                                                                   


မြင့်ရီ(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ