နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နို့ထွက်ကုန်ပစ္စည်း လုပ်သားများ H5N1 ရောဂါကူးစက်မှု ကာကွယ်ရန် အမေရိကန်တိုက်တွန်း

ချီကာဂို မေ ၅

နို့စားနွားများကို ကူးစက်နိုင် သည့် H5N1  ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးကြောင့် နို့ထွက်ကုန် ပစ္စည်းလုပ်သားများ အန္တရာယ်ရှိနိုင် သဖြင့်  အဆိုပါ လုပ်သားများ ရောဂါ ပိုးမကူးစက်စေရန်  အကာအကွယ် ပစ္စည်းများကို ဝတ်ဆင်သင့်သည်ဟု အမေရိကန်တာဝန်ရှိသူများက မေ ၄ ရက်တွင် တိုက်တွန်းပြောကြား သည်။

ဖျားနာနေသောကြက်ငှက်များ၊ တိရစ္ဆာန်မစင်များ၊ နို့စိမ်း၊ ညစ် ညမ်းနေသောမျက်နှာပြင်များနှင့် တိုက်ရိုက် သို့မဟုတ် အနီးကပ် ထိတွေ့နေရသည့် လယ်သမား၊  အလုပ် သမားများနှင့် အရေးပေါ် ကယ်ဆယ် သူများအနေဖြင့်  သင့်လျော်သည့် အကာအကွယ်  ကိရိယာများကို ဝတ်ဆင်ရန် တိုက်တွန်းထားသည်။

ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ကူးစက်မှုသည် လူများသို့ ကူးစက်နိုင် ခြေနည်းပါးသော်လည်း နို့ထွက်ကုန် ပစ္စည်းလုပ်သားများအား ကူးစက် နိုင်ခြေသည် အမေရိကန်ပြည်ထောင်စု ၌ စတင်ဖြစ်ပေါ်လာနိုင်ကြောင်း သိရ သည်။  

အဆိုပါ  ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်သည် နို့တိုက်သတ္တဝါမျိုးစိတ်အမျိုးမျိုး၌ ဗိုင်းရပ်စ်ပျံ့နှံ့ရာမှ လူများက  ထိတွေ့မိခြင်းကြောင့် လူသားများထံ ဗိုင်းရပ်စ်ပိုးပိုမိုလွယ် ကူစွာပျံ့နှံ့လာနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ   ဖြစ်လာနိုင်ကြောင်း ကျန်းမာရေး သုတေသီများက အသိ ပေးထားသည်။








(ref: Reuters)






အခြားဆက်စပ်သတင်းများ