နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လ၏အဝေးဘက်ခြမ်းမှ နမူနာများရယူရန် တရုတ်အာကာသယာဉ်စေလွှတ်

ပေကျင်း  မေ ၅

တရုတ်နိုင်ငံသည် လ၏ လျှို့ဝှက် ဆန်းကြယ်သော အဝေးဘက်ခြမ်းမှ နမူနာများကို ပထမဆုံးအကြိမ် စုဆောင်းပြီး ကမ္ဘာကို ပြန်လည်ပေးပို့ရန် ချန်အီ-ဆစ်ခ် အာကာသယာဉ်ကို မေ ၄ ရက်က လွှတ်တင်လိုက်သည်။

ချန်အီ-ဆစ်ခ် အာကာသယာဉ်ကို တင်ဆောင်လာသည့် လောင်းမတ်ချ်-ဖိုက် ဒုံးပျံတစ်စင်းကို တရုတ်တောင်ပိုင်း ဟိုင်နန်ပြည်နယ် ကမ်းရိုးတန်းရှိ ဝမ်ချန်း အာကာသလွှတ်တင်ရေးစခန်းက လွှတ် တင်လိုက်ခြင်း ဖြစ်သည်။

ကမ္ဘာနှင့်ဝေးသည့်ဘက်ခြမ်းတွင် လဆင်းယာဉ်ဆင်းသက်ပြီးနောက် ကျောက်တုံးနှင့် မြေဆီလွှာများရယူ ကာ  ကမ္ဘာကို  ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်ပြီး   ပျံသန်းမှုအစီအစဉ် တစ်ရပ်လုံး သည် ၅၃ ရက် ကြာမည်ဖြစ်သည်။

ချန်အီ-ဆစ်ခ်အာကာသယာဉ်သည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ပြင်သစ်၊ အီတလီနှင့် ဥရောပ အာကာသအေဂျင်စီများနှင့် ဆွီဒင်သိပ္ပံကိရိယာများ တင်ဆောင် သွားပြီး  ပတ်လမ်းယာဉ်ပေါ်တွင် ပါကစ္စတန်ဂြိုဟ်တုငယ်တစ်လုံးကို လည်း သယ်ဆောင်သွားကြောင်း သိရ သည်။                              







 (ref: CMG)






အခြားဆက်စပ်သတင်းများ