နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နာဇီစစ်ဌာနချုပ်ဟောင်းနေရာတွင် လူအရိုးစု ငါးခုတွေ့ရှိ

ဘာလင် မေ ၅

လက်နှင့်ခြေများ ပျောက်ဆုံး နေသည့် လူသားအရိုးစု ငါးခုကို နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာ ၏ အရှေ့ခြမ်း စစ်ဌာနချုပ်နေရာ ဟောင်းတွင် ရှာဖွေတွေ့ရှိထားကြောင်း လာတီဘရာ ဖောင်ဒေးရှင်းက မေ ၄ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါနေရာသည် ဂျာမန် လေတပ် အကြီးအကဲ ဟာမန်းဂိုအာရင်း၏ နေအိမ်အတွင်းဖြစ်ပြီး ဝံပုလွေသား ရဲတွင်းအဖြစ်  လူသိများသည့်နေရာ တစ်ခုလည်း ဖြစ်သည်ဟု အဆိုပါ ဖောင်ဒေးရှင်းက ဆိုသည်။

နှစ်ပေါင်းများစွာ တရားဝင်ခွင့် ပြုချက်ဖြင့် တူးဖော်နေသည့် လာတီ ဘရာဖောင်ဒေးရှင်းခေါ် အပျော်တမ်း ရှေးဟောင်း  သုတေသနပညာရှင် အဖွဲ့က ယင်းနေရာတွင် အရွယ်ရောက် ပြီးသူ သုံးဦးနှင့် ကလေးနှစ်ဦး၏ အရိုးစုများကို တွေ့ရှိထားခြင်း ဖြစ် သည်။

တတိယဂျာမန်နိုင်ငံတော်၏ အစောင့်အကြပ်အထူထပ်ဆုံး ဖြစ်ခဲ့ သည့်နေရာတွင် အရိုးစုများကို တွေ့ရှိ ခြင်းဖြစ်ပြီး ယင်းအရိုးစုများသည် ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း အရိုးစု များဖြစ်နိုင်ကြောင်း သုတေသီများက ယူဆထားသည်။







(ref: AP)






အခြားဆက်စပ်သတင်းများ