နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တွင်းလမ်းမကြီးများ သန့်ရှင်းသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ကြီးကြပ်ဆောင်ရွက်

ရန်ကုန် မေ ၄

ရန်ကုန်မြို့တွင်းလမ်းမကြီးများ သန့်ရှင်းသပ်ရပ်ရေးနှင့် ရေစီး ရေလာကောင်းမွန်စေရေးအတွက် ယနေ့နံနက် ၅ နာရီမှစ၍ ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ ကော်မတီဝင် ဦးအောင်နိုင်တို့ ဦးဆောင်၍ ရွှေတိဂုံဘုရားလမ်းတစ်လျှောက်၊ ကမ်းနားလမ်းမှ ရွှေတိဂုံစေတီတော် အထိလည်းကောင်း၊ အတွင်းရေးမှူးဦးညွန့်ဖေ ဦးဆောင်၍ ဆူးလေဘုရားလမ်းတစ်လျှောက် ကမ်းနားလမ်းမှ ဦးထောင်ဘိုအဝိုင်းအထိလည်းကောင်း၊ ကော်မတီဝင်ဒေါက်တာ ဇော်ဝင်းဦးဆောင်၍ ပန်းဆိုးတန်းလမ်းတစ်လျှောက် ကမ်းနားလမ်း မှ ကန်ရိပ်သာလမ်းအထိလည်းကောင်း၊ ကော်မတီဝင် ဒေါက်တာ ငွေစန်းဦးဆောင်၍ သိမ်ဖြူလမ်းတစ်လျှောက် ကမ်းနားလမ်းမှ ကန်ရိပ်သာလမ်းအထိလည်းကောင်း စုပေါင်းလုပ်အားပေးနေမှုများ ကို ကြီးကြပ်စစ်ဆေးဆောင်ရွက်ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လမ်းအလိုက် စည်ပင်သာယာဝန်ထမ်း အင်အား ၉၀ ဦး၊ ရေသယ်ယာဉ်ခြောက်စီး၊ မြေသယ်ယာဉ်လေးစီးစီ အသုံးပြု၍ ဝန်ထမ်းများကလမ်းမကြီးများပေါ်ရှိ အမှိုက်၊ သဲ၊ ခဲများ ကို ရေသယ်ယာဉ်များဖြင့် ရေဆေးကြော၍  လှည်းကျင်းခြင်း၊ ရေဆင်းဖြတ်မြောင်းနှာပေါက်များအတွင်းရှိ အမှိုက်၊ သဲ၊ ခဲများ ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်းရှိ အမှိုက်နှင့်မြောင်းချေးများ တူးဖော်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။  









သတင်း/ဓာတ်ပုံ - မိုးဝေ






အခြားဆက်စပ်သတင်းများ