နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ သန့်ရှင်းသာယာလှပရေး စနေနေ့အထူးစုပေါင်းလုပ်အားပေးဆောင်ရွက်နေမှုများ ရန်ကုန်မြို့တော်ဝန် ကြည့်ရှုအားပေး

ရန်ကုန် မေ ၄

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ လေးထောင့်ကန် (၁) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အခြေခံပညာ နှင့်စက်မှု၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၊ အမှတ် (၂) လမ်းမကြီးရှိ ရန်ကုန် စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)နှင့် အမှတ် (၂၆) ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ဝင်းများအတွင်း သန့်ရှင်း သာယာလှပရေးအတွက် စနေနေ့အထူးစုပေါင်း လုပ်အားပေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၉ နာရီခွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ လေးထောင့်ကန် (၁) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းဝင်းအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ ကြီးကြပ်မှုဖြင့် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား ၄၀၀ ဦးဖြင့် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အုပ်မိုး ကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ သစ်ရွက်ကြွေ အမှိုက်များ  ရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ ကျောင်းရှိရေကန်အတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း ဆောင်ရွက် နေမှုနှင့် ကျောင်းအရှေ့ဘက်ရှိ  ရေမြောင်းအတွင်း အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းခြင်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး ကျောင်းအဆောက်အဦ တွယ်ကပ်ပင်များနှင့် အဆောက်အဦအမိုးပေါ်ရှိ အမှိုက်များ ရှင်းလင်းရန်၊ ကျောင်းဝင်း အတွင်း ရေနုတ်မြောင်းရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက် ရန်နှင့် အမှိုက်များအား အပြောင်ရှင်းစနစ်ဖြင့် တစ်ပါတည်း သိမ်းဆည်းရှင်းလင်းရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂) လမ်းမကြီးဘေးရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ်  (ရွာသာကြီး) ဝင်းအတွင်း အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံ ခန့်ခွဲမှု) က အလျား ၃၀၀ ပေ၊ အနံ ၁၆၀ ပေ၊ အနက် ၈ ပေရှိ ရေကန်တူးဖော်ဆောင်ရွက်နေမှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ ကြီးကြပ်၍ ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူ များ ပူးပေါင်းအင်အား ၃၀၀ ဦးဖြင့် မြက်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိ ပုံသွင်းအလင်းဖွင့်ခြင်း၊ သစ်ရွက်ကြွေအမှိုက်များ  ရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ ကျောင်းရှိ ရေကန်အတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ကန်ပေါင်ပတ်လည် ရေနုတ်မြောင်းနှင့် ဘောလုံးကွင်းပတ်လည် ရေနုတ်မြောင်းတို့ကို ရေစီးရေလာကောင်းမွန်စေရေး ဆယ်ယူ ရှင်းလင်းရန်နှင့် ဘောလုံးကွင်းအတွင်း မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်း၍ ပြန်လည်ပြုပြင်ရန် မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် အမှတ် (၂၆) ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ဝင်းအတွင်း အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) က အလျား ၁၅၀ ပေ၊ အနံ ၁၀၀ ပေ၊ အနက် ၇ ပေရှိ ရေကန်တူးဖော်ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးပြီးနောက် ဘောလုံးကွင်းအတွင်း မြက်ပင် ချုံနွယ်များ ရှင်းလင်းရန်၊ ဘောလုံးကွင်းပတ်လည် ရေနုတ်မြောင်း အတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ အောင်ဇေယျ လမ်းဘေး ရေမြောင်းပြန် လည် ဆယ်ယူရှင်းလင်း၍ မြောင်း ဝဲ/ယာ မြက်ပင်ချုံနွယ်များ ရှင်းလင်းရန်နှင့် ဒဂုံဆောင်အရှေ့ ရေကန်အတွင်း သန့်ရှင်းသပ်ရပ်စေရေး ဆောင်ရွက်ရန်တို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။








သတင်း / ဓာတ်ပုံ - မိုးဝေ






အခြားဆက်စပ်သတင်းများ