နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
FWA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ဖိုဒန် ရရှိ

မေ  ၄

ဘောလုံးအားကစား ကလောင်ရှင်များ အဖွဲ့အစည်း (FWA)၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကို မန်စီးတီးအသင်း လူငယ် တောင်ပံကစားသမား ဖိုဒန်က ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အသက် ၂၃ နှစ်ရှိ ဖိုဒန်သည် မန်စီးတီးအသင်းတွင် နည်းပြ ဂွါဒီယိုလာ၏ ယုံကြည်မှုနှင့်အတူ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က အသင်း ကြီးတွင် စတင်ကစားခွင့်ရရှိခဲ့ ပြီးနောက် ဘောလုံးရာသီတိုင်း တွင် အကောင်းဆုံး ခြေစွမ်းပြသ နိုင်ခဲ့သူဖြစ်သည်။

ဖိုဒန်သည် ယခုနှစ်ဘောလုံး ရာသီတွင်လည်း မန်စီးတီးအသင်း နှင့်အတူ အကောင်းဆုံး ခြေစွမ်း ပြသနိုင်ခဲ့ကာ အဓိက ကစား သမားအဖြစ် ပွဲထွက်ခွင့်ရရှိနေ သူဖြစ်ပြီး ပြိုင်ပွဲစုံ ၄၈ ပွဲထိ ပါဝင်ကစားခဲ့ကာ ၂၄ ဂိုး သွင်းယူ၍ ဂိုးဖန်တီးမှု ၁၀ ကြိမ် ထိ ပြုလုပ်နိုင်ခဲ့သည်။

FWA ၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကို မဲစနစ်ဖြင့် ရွေးချယ်ချီးမြှင့် ပေးအပ်ခြင်းဖြစ်ပြီး ဖိုဒန်က မဲရာခိုင်နှုန်း ၄၆ ရာခိုင်နှုန်းအထိ ရရှိခဲ့ကာ အသင်းဖော် ရိုဒရီနှင့် အာဆင်နယ်အသင်း ကွင်းလယ် ကစားသမား ဒီကလန်ရိုက်စ်တို့ ကို ကျော်ဖြတ်ပြီး ဆွန်ခူးနိုင်ခဲ့ ခြင်းဖြစ်သည်။

အလားတူ FWA ၏ တစ်နှစ် တာအကောင်းဆုံး အမျိုးသမီး ကစားသမားဆုကိုလည်း မန်စီးတီး အမျိုးသမီးအသင်း တိုက်စစ်မှူး ဘန်နီရှောက ရရှိခဲ့ကြောင်း သိရသည်။                     

                                   







သူရိန်






အခြားဆက်စပ်သတင်းများ