နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေး ကြိုးပမ်းဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတို့ကို ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ပေးခြင်းသည် ကျေးလက်နေပြည်သူများ၏ ဘဝများ တိုးတက်လာစေရန် ဖြစ်သကဲ့သို့ နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်ငန်း ကို မြင့်မားလာစေရန်ဖြစ်သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်   ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအတွက် နိုင်ငံတော်က တွန်းအားပေးဆောင်ရွက် လျက်ရှိသည်။

ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ရေးကဏ္ဍ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် အဓိကအခန်းကဏ္ဍက ပါဝင်သည်။ မိမိတို့နိုင်ငံတွင် မိုးစပါးစိုက် ဧက ၁၅ သန်းခန့်ရှိပြီး မိုးစပါးထွက်ရှိပြီးချိန်တွင် နွေ စပါး ဆက်လက်စိုက်ပျိုးခြင်းနှင့် အများစုကို အခြားသီးနှံအမျိုးမျိုး ဆက်လက်စိုက်ပျိုးခြင်း ပြုလုပ်ကြသည်။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး အတွက် စနစ်တကျ စိုက်ပျိုးပြီး အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးအောင်မြင်မှုအခြေခံ လေးချက်ဖြစ်သော မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ မြေ ကို စနစ်တကျ ပြုပြင်ရေး၊ အောင်ရေရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်ရေးကို အလေးဂရုပြု ဆောင်ရွက်ကြရမည်ဖြစ်သည်။

မကြာမီ မိုးရာသီကာလသို့ ရောက်ရှိတော့မည်ဖြစ်၍ စိုက်ပျိုး ရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင် နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန် တိုတိုအတွင်း ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများကို နိုင်ငံတော်အစိုးရက အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။

တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များ ဖြင့် တိုးတက်အောင် ဆောင်ရွက်ရာတွင် တစ်ဧကထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာနယ်နယ်များနှင့် တောင်သူများက လက်တွဲပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော်ရပါကြောင်း။     






အခြားဆက်စပ်သတင်းများ