နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင်မီးလောင်မှုဖြစ်ပွား

ရန်ကုန် ဧပြီ ၇ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဧပြီ ၆ ရက် နေ့လယ် ၂ နာရီက အမှတ်(၁၂) ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် ဗညားဦးလမ်းအနီးရှိ အိမ်အမှတ်(၃၈၂/က)တွင် အိမ်အငှားနေထိုင်သူ ဒေါ်ဇာဇာဖြူ ဂတ်စ်အိုးနှင့်အပိုပစ္စည်းအရောင်းဆိုင်၏ (၄၀ ပေ x ၂၀ ပေ) ပတ်လည် (သွပ်မိုး၊ပျဉ်ခင်း၊ပျဉ်ကာ)နှစ်ထပ်အိမ်အပေါ်ထပ်ရှိ လျှပ်စစ်ဝါယာကြိုးမှတစ်ဆင့် ဝါယာရှော့ခ်ဖြစ်ပြီး နေအိမ်အောက်ထပ်ရှိ ဂတ်စ်အိုးများ အား မီးကူးစက်လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ သန္ဓေမီးသတ်စခန်းမှ မီးသတ်အင်အား ၂၇၀ ဦး ၊ အရန်မီးသတ်အင်အား ၈၈ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၂၀ စီး၊ ရေသယ်ယာဉ် ၁၁ စီး၊ အထောက်အကူပြုယာဉ် ၄ စီး၊ ကွပ်ကဲမှုယာဉ် ၇ စီး၊ ကြက်ခြေနီအင်အား ၆၈ ဦး၊ လူနာတင်ယာဉ် ၅ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၂ နာရီ ၂၆ မိနစ်တွင် မီးညွန့်ကျိုးခဲ့ပြီး ၂ နာရီ ၄၄ မိနစ်တွင် မီးငြှိမ်းသတ်ဆောင်ရွက်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် ဒေါ်ဇာဇာဖြူ၏နေအိမ်နှင့် အနီးပတ်ဝန်းကျင်ရှိ ပျဉ်ထောင်အိမ် ၂ လုံး၊ မီးလောင်ကျွမ်း ခဲ့ပြီး ပျဉ်ထောင်အိမ် ၃ လုံးခန့်မှာ မီးဟပ်၍ အနည်းငယ် မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ၅,၃၄၃,၇၅၀ ကျပ်ခန့်ဖြစ်ပြီး မီးဘေးသင့်ပြည်သူ ၁၆ ဦးအား ယာယီနေထိုင်မှုအဆင်ပြေစေရေးအတွက် အမှတ်(၁၂)ရပ်ကွက် ဓမ္မာရုံတွင် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။ မီးလောင်မှုနှင့်ပတ်သက်၍ ဒေါ်ဇာဇာဖြူအား ဒဂုံ(အရှေ့)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ လှလှထွေး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ