နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ပံကစားသမား ဂရီးလစ်ရှ်ကို ခေါ်ယူရန် ချဲလ်ဆီးအသင်း ဆွေးနွေးမှုလုပ်ဆောင်

မေ  ၃

မန်စီးတီး အသင်းနှင့် အနာဂတ် မရေမရာဖြစ်နေသည့် တောင်ပံကစားသမား ဂရီး လစ်ရှ်ကို ခေါ်ယူရန်အတွက် ချဲလ်ဆီးအသင်းက ဆွေးနွေးမှု များ စတင်လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။

အသက် ၂၈ နှစ်အရွယ်ရှိ ဂရီးလစ်ရှ်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နွေရာသီ ကစား သမားအပြောင်းအရွှေ့ကာလ က အေဗီလာအသင်းမှ မန်စီးတီး အသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့် ပထမဆုံး ဘောလုံး ရာသီတွင် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့သော်လည်း နောက်ပိုင်း ဘောလုံးရာသီများ တွင် ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရသည်။

ဂရီးလစ်ရှ်သည် အစောပိုင်း နှစ်များက နည်းပြ ဂွါဒီယိုလာ လက်အောက်တွင် အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့် ရရှိခဲ့သော်လည်း ရင်းနက် အသင်းမှ ဒိုကူ ရောက်ရှိလာပြီး နောက်ပိုင်း ဂရီးလစ်ရှ်အနေဖြင့် ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ပြီး လူစားဝင် ကစားသမားအဖြစ် သာ ပါဝင်ခွင့်ရရှိခဲ့သည်။

ဂရီးလစ်ရှ်သည် လာမည့် ဘောလုံးရာသီတွင် ပွဲထွက်ခွင့် ရရှိမည့် အသင်းတစ်သင်းသို့ ပြောင်းရွှေ့ကစားလိုနေသော ကြောင့် ချဲလ်ဆီးအသင်းက ခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်ပြီး မန်စီးတီးအသင်းကလည်း ထိုက်သင့်သည့် ပြောင်းရွှေ့ကြေး  ရရှိပါက ရောင်းချသွားဖွယ်ရှိ ကြောင်း သိရသည်။ 







သူရိန်






အခြားဆက်စပ်သတင်းများ