နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပူလှိုင်းကြောင့် ဗီယက်နမ်တွင်ငါးအမြောက်အမြား သေဆုံး

ဒေါင်နိုင်း မေ ၃

ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဒေါင်နိုင်းပြည်နယ်ရှိ ရေလှောင်တမံ တစ်ခုတွင် ငါးကောင်ရေသိန်းနှင့်ချီ သေဆုံးလျက်ရှိကြောင်း မေ ၂ ရက် သတင်းများတွင်  ဖော်ပြချက်အရ သိရသည်။

ဗီယက်နမ်တွင် အပူလှိုင်းဖြတ်မှု ကြောင့် မကြာသေးမီက စာသင်ကျောင်း များ ပိတ်ထားရပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှုမြင့်တက်လာသည့် အရှေ့တောင် အာရှနိုင်ငံအများစုကဲ့သို့ပင် ဗီယက်နမ် တောင်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် လည်း အပူဒဏ်ခံနေရကြောင်း သိရ သည်။

Song May ရေလှောင်တမံအတွင်းရှိ ငါးများသည် အပူချိန်ကြောင့် ရေနည်း လာသဖြင့် ‌သေဆုံးခြင်းဖြစ်ပြီး တမံ အတွင်း ရေများကို  မမြင်ရသည် အထိဖြစ်ကာ အနံ့ဆိုးများကြောင့် ပတ်ဝန်းကျင်က လူများအနံ့မခံနိုင်       ဖြစ်နေရကြောင်း သိရသည်။

အဆိုပါဧရိယာတွင် ရက်သတ္တပတ် များစွာ မိုးမရွာခြင်းကြောင့် ရေလှောင် တမံ အတွင်းရှိ ရေများသည် ခန်းခြောက် နည်းပါးလာကာ ရေနေသတ္တဝါများ အသက်ရှင်ရန်ခက်ခဲသည်အထိ ဖြစ် လာကြောင်း သိရသည်။

‌သေဆုံးနေသည့်ငါးများကို အမြန် ဆုံးဖယ်ရှားနိုင်ရန်ကြိုးပမ်းလျက်ရှိပြီး သက်ဆိုင်ရာအနေဖြင့် ယခုပြဿနာကို အကောင်းဆုံးကိုင်တွယ် ဖြေရှင်းနိုင် လိမ့်မည်ဟု ယူဆကြောင်း ပြောကြား သည်။                                   







 (ref: AFP)






အခြားဆက်စပ်သတင်းများ