နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နျူလက်နက်များ အေအိုင်ဖြင့် ထိန်းချုပ်ခြင်းမရှိကြောင်း ကြေညာရန် တရုတ်နှင့်ရုရှားကို တိုက်တွန်း

ဝါရှင်တန် မေ ၃

နျူကလီယားလက်နက်များ ဖြန့်ကြက်ရာတွင် အေအိုင်ဆော့ဖ်ဝဲ များဖြင့် ထိန်းချုပ်ခြင်းမပြုဘဲ လူသား များကသာ စီမံမည့်အကြောင်း တရားဝင် ကြေညာပေးရန် အမေရိကန်အစိုးရ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက တရုတ် နှင့် ရုရှားကို မေ ၂ ရက်တွင် တိုက်တွန်း လိုက်သည်။

တရုတ်နှင့်  ရုရှားအနေဖြင့် အမေရိကန်  ပြည်ထောင်စုနှင့် အခြားနိုင်ငံများကဲ့သို့ နျူလက်နက် များကို အပြည့်အဝ ထိန်းချုပ်ထား သူများသည် လူသားများသာဖြစ် သည်ဟု တရားဝင်ကြေညာချက် ထုတ် ပြန်သင့်ကြောင်း အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာန ထိပ်တန်းသံတမန် ပေါလ်ဒင်းက ပြောသည်။

နျူလက်နက်မူဝါဒ၊ အေအိုင် နည်းပညာဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ နှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် သီးခြားဆွေးနွေးပွဲများ ကျင်းပနိုင်ရန် အမေရိကန်အစိုးရက စီစဉ်နေပြီး ယခုတိုက်တွန်းချက်နှင့် ပတ်သက်၍ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တစုံတရာ တုံ့ပြန်ခြင်းမရှိကြောင်း သိရသည်။

ပြီးခဲ့သည့်ဧပြီလက တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဝမ်ယိနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဘလင်ကင်တို့သည်  လူ့ဉာဏ်ရည်တုနည်းပညာ ပြန့်ပွားမှုကိစ္စရပ်များကို ဆွေးနွေးထား ကြောင်း သိရသည်။               







(ref:Reuters)






အခြားဆက်စပ်သတင်းများ