နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်တွင် အချိန်အခါမဟုတ် နှင်းကျဆင်းသဖြင့် သစ်သီးခြံများပျက်စီး

ကဘူးလ် မေ ၃

အာဖဂန်နစ္စတန်နိုင်ငံ မိုင်ဒန် ဝါပြည်နယ် နီရ် ခရိုင်တွင် အချိန် အခါမဟုတ်ဘဲ မကြုံစဖူး နှင်းကျပြီး အေးစက်သည့် ရာသီဥတုဖြစ်ပေါ်နေ ခြင်းကြောင့် အပင်နှင့်သစ်သီးများ ပျက်စီးလျက်ရှိကြောင်း အာဖဂန် လယ်သမားများက မေ ၂ ရက်တွင် ပြောသည်။ 

ထို့ကြောင့် အဆိုပါခရိုင်တွင်းရှိ လယ်သမားမိသားစု နှစ်ထောင် ကျော်သည် ငွေပမာဏ အများအပြား ဆုံးရှုံးကြပြီးတရုတ်ဆီးသီး နှင့် ပန်း သီးပင်များ ပိုင်ဆိုင်သူအများစုသည် မိသားစုဝင်ငွေများ များစွာ ထိခိုက် သွားကြောင်း သိရသည်။

ယခုနှစ်တွင် ဖြစ်ပေါ်သည့် နှင်းကျ ဆင်းမှုသည် ယခင်က မကြုံဖူးသည့် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း လယ်သမား များက ပြောပြီး အာဏာပိုင်များ အနေဖြင့် ယခု ဖြစ်ရပ်ကို တာဝန် ယူပြီး တစုံတရာ ကူညီပေးရန် မျှော်လင့် သည် ဟု ယင်းတို့က ဆိုသည်။

 အသီးသီးသည့် ရာသီဖြစ်သော ယခုကာလတွင် လွန်ခဲ့သည့် နှစ်ရက် က နှင်းကျဆင်းမှုကြောင့် တရုတ် ဆီးသီးပင်၊ ပန်းသီးပင်နှင့် ချယ်ရီပင် များ ရာချီပျက်စီးပြီး ဥယျာဉ်စောင့် လယ်သမားများက ပျက်စီးသွား သည့် အပင်အကိုင်းများကို ခုတ်ချနေ ကြောင်း သိရသည်။           






 (ref:AP)






အခြားဆက်စပ်သတင်းများ