နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမြန်လမ်းသွား အဝေးပြေးခရီးသည်တင်ယာဉ်ကြီးများ တယ်လီမက်တစ်စနစ် တပ်ဆင်ရန်ပျက်ကွက်ပါက အရေးယူမည်

ရန်ကုန်  မေ ၃

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် သွားလာနေကြသည့် အဝေးပြေးခရီးသည်တင် ယာဉ်ကြီးများအားလုံး တယ်လီမက်တစ် စနစ် မှတ်ပုံတင်တပ်ဆင်အသုံးပြုရမည်ဖြစ်ပြီး   စနစ်တပ်ဆင်ရန် ပျက်ကွက်ခဲ့ပါက  မေလမှစတင်ကာ ခရီးသည်တင်ယာဉ်လိုင်း များကို သတိပေးခြင်း၊ တားမြစ်ခြင်းနှင့် အရေးယူခြင်းများကိုပါ အဆင့်ဆင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တယ်လီမက်တစ်စနစ်ကို အဝေးပြေးခရီးသည်တင်ယာဉ် ကြီးများအားလုံးတွင်  တပ်ဆင်မှုကို Myanmar Millennium Group က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး မေ ၁ ရက် အပြီး မဖြစ်မနေတပ်ဆင် အသုံးပြုကြရမည်ဖြစ်ကြောင်း သိရသည်။

 အဆိုပါစနစ်ကို  ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၀) မိုင်မှ (၃၃၆) မိုင်အတွင်း ဖြတ်သန်းသွားလာနေကြသည့် အဝေးပြေးခရီးသည်တင် ယာဉ်ကြီးများတွင် တပ်ဆင်အသုံးပြုရမည် ဖြစ်ပြီး ၎င်းယာဉ်ကြီးများ သွားလာနေမှုကို Command & Control Center မှ  ၂၄  နာရီစောင့်ကြည့်နေမည်ဖြစ်ကာ သတ်မှတ် လမ်းကြောင်း၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်သွားလာမှု ရှိမရှိ စောင့်ကြည့်ခြင်းနှင့် ယာဉ်ကြီးများ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါကလည်း စောင့်ကြည့်အကူအညီပေးမှုများ ပြုလုပ်နိုင်သည့်အတွက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း စေရန် အထောက်အကူပြုစေမည်ဖြစ်သည်။

 ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ယခင်သွားလာနေသည့်၊ တယ်လီမက်တစ်စနစ်တပ်ဆင်ကုန်တင်ယာဉ်နှင့် အဝေးပြေး ခရီးသည်တင်ယာဉ်အစီးရေ ၆၀၀၀ ကျော်ရှိခဲ့သော်လည်း  ယခုနှစ် ဧပြီလ တတိယပတ်အထိ အစီးရေ ၃၈၀၀ ကျော်သာရှိပြီး တယ်လီမက်တစ်စနစ် တပ်ဆင်သော ယာဉ်လျော့နည်းလာ ကြောင်း သိရသည်။








အောင်မြင့်ဌေး (မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ