မေ ၁
ချန်ပီယံရှစ်ပြိုင်ပွဲတွင် အမှတ်ပေးဇယားကို ဦးဆောင် နေသည့် လက်စတာအသင်း သည် ပရက်စတန်အသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး နောက် ယခုနှစ်ဘောလုံးရာသီ ချန်ပီယံရှစ်ပြိုင်ပွဲ ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
လက်စတာအသင်းသည် ယခုနှစ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပြိုင်ဘက်များဖြစ်သည့် လိဒ် အသင်း၊ အစ်ဝှစ်အသင်းတို့နှင့် ပရီးမီးယားလိဂ် တိုက်ရိုက်တန်း တက်ခွင့်အတွက် ယှဉ်ပြိုင်ခဲ့ရ ကာ ပြီးခဲ့သည့် ဧပြီ ၂၇ ရက်က အမှတ်ပေးဇယား ဒုတိယနေရာ မှ လိဒ်အသင်းက ကျူပီအာ အသင်းကို လေးဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် လက်စ တာအသင်းက တိုက်ရိုက်တန်း တက်ခွင့်ရရှိခဲ့ပြီး ယခုပွဲစဉ်တွင် ပရက်စတန်အသင်းကို အနိုင်ရ ခဲ့သဖြင့် ၄၅ ပွဲ ကစားပြီးချိန်တွင် ရမှတ် ၉၇ မှတ်ရရှိကာ လက်ကျန် ပွဲ တစ်ပွဲအလိုတွင် ဆုဖလားရ ယူနိုင်ခဲ့ခြင်းဖြစ်သည်။
ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ် ၄၅ အပြီးတွင် လက်စတာအသင်းက ရမှတ် ၉၇ မှတ်ဖြင့် အဆင့် ၁၊ လိဒ်အသင်းက ရမှတ် ၉၀ ဖြင့် အဆင့် ၂၊ အစ်ဝှစ်အသင်းက ရမှတ် ၉၀ ဖြင့် အဆင့် ၃ တွင် ရပ်တည်နေပြီး တိုက်ရိုက်တန်း တက်ခွင့် တစ်နေရာအတွက် လိဒ်အသင်းနှင့် အစ်ဝှစ်အသင်း တို့ ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။
သူရိန်