မေ ၁
အေစီမီလန်အသင်း ခံစစ် ကစားသမား ကေဂျာသည် လာမည့် နွေရာသီအပြောင်းအရွှေ့ ကာလ စာချုပ်သက်တမ်းကုန်ဆုံး ချိန်တွင် အသင်းမှ ထွက်ခွာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ခံစစ်ကစားသမား ကေဂျာ သည် အေစီမီလန်အသင်းသို့ ၂၀၂၀ ပြည့်နှစ်က တိုက်စစ်မှူး အီဗရာဟီမိုဘစ်ချ်နှင့်အတူ ရောက်ရှိခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၂၀ ထိ ပါဝင်ကစားပေး နိုင်ခဲ့သည်။
အသက် ၃၅ နှစ်အရွယ်ရှိ ကေဂျာသည် ယခုနှစ် ဘောလုံး ရာသီတွင် အကျပိုင်းရောက်လာ ခဲ့ပြီး ဒဏ်ရာ မကြာခဏ ကြုံတွေ့ နေရသဖြင့် ပြိုင်ပွဲစုံ ၂၄ ပွဲသာ ပါဝင်ကစားနိုင်ခဲ့သောကြောင့် ၎င်းကို စာချုပ်သက်တမ်း မတိုးဘဲ အလွတ်ပြောင်းရွှေ့ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပြီး လက်ရှိခံစစ်ပိုင်း ဆိုးရွားနေမှုကို ပြောင်းလဲမှုပြု လုပ်ရန်အတွက် အသင်းမှ ခံစစ် ကစားသမားများကို ထုတ်ပယ်၍ ကစားသမားသစ်များဖြင့် ပြန်လည် တည်ဆောက်ရန် အသင်းတာဝန် ရှိသူများက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ကေဂျာသည် အေစီမီလန် အသင်းတွင် ကစားခဲ့သည့် ဘောလုံးရာသီ ငါးရာသီတွင် အသင်းနှင့်အတူ စီးရီးအေချန်ပီ ယံဆုဖလားတစ်ကြိမ် ဆွတ်ခူး ရယူနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း အသင်းအား အမှတ်ပေးပြိုင်ပွဲ တွင် အဆင့် ၂ နေရာသို့ ရောက်ရှိအောင် ပါဝင်ကူညီပေး နိုင်ခဲ့သည်။
သူရိန်