နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရားမဝင်သတ္တုတူးဖော်ရေးလုပ်ငန်းမှ ဘက်ဟိုးယာဉ် ဆယ်စီးနှင့် မြေကော်ယာဉ်ရှစ်စီး အပါအဝင် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ

ချီဖွေ ဧပြီ ၇ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း တရားမဝင် သတ္တုတူးဖော်နေကြောင်း သတင်းအရ ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း ဦးဆောင်သည့်အဖွဲ့ ကွင်းဆင်း စစ်ဆေးရာမှ ဘက်ဟိုးယာဉ်ဆယ်စီးနှင့် မြေကော်ယာဉ်ရှစ်စီး အပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ ကြောင်း ချီဖွေမြို့နယ်ရဲတပ်ဖွဲ့စခန်း၏ မှတ်တမ်းများအရ သိရသည်။ ဖြစ်စဉ်မှာ ချီဖွေမြို့နယ်အတွင်း တရားမဝင်သတ္တုတူးဖော်နေကြောင်း သတင်းအရ ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း ဦးဆောင်ကာ သတ္တုတွင်းဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးစောယုနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ချီဖွေမြို့နယ်၊ ကမ်းဖန်ကျေးရွာအုပ်စု၊ ရာလူးကျေးရွာ၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာတွင် တရုတ်နိုင်ငံသားများက တရားမဝင် သတ္တု(သလင်းကျောက်) တူးဖော်ရေးလုပ်ငန်းဆောင်ရွက်နေသည့် နေရာအား ဧပြီ ၆ ရက်တွင် သွားရောက်စစ်ဆေးရာ သတ္တုတူးဖော်ရေးလုပ်ငန်းတွင် အသုံးပြုသည့် ဘက်ဟိုးယာဉ် ဆယ်စီး၊ မြေကော်ယာဉ် ရှစ်စီး၊ ဆယ်ဘီးယာဉ် နှစ်စီး၊ မီးစက်အကြီး ခြောက်လုံး၊ ကျောက် ဖောက်စက် လေးခု၊ ကျောက်ခွဲစက် လေးလုံး၊ လေပေးစက် သုံးလုံး၊ လုပ်ငန်းသုံးယမ်း ၂၁ ဖာ၊ အမိုနီယမ်ဆာလဖိတ် အိတ် ၄၅ဝ နှင့် တရုတ်နိုင်ငံသားများ အသုံးပြုသည့် အသုံးအဆောင်များ၊ တောင်များအား ယမ်းဖြင့်ဖောက်ခွဲ၍ သလင်းကျောက်များ တရားမဝင်ထုတ်ယူခြင်းဆောင်ရွက်သည့်အပြင် တောင်များအား ဥမင်လိုဏ်ခေါင်းများ ဖောက်လုပ်လျက် ပိုင်ရှင်မဲ့ စစ်ဆေးတွေ့ရှိခဲ့သည်။ ဖြစ်စဉ်ကြောင့် ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးစောယုက တရားလိုပြု တိုင်ကြားရာ ချီဖွေမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှ တရားမဝင် သတ္တုတူးဖော်သည့် တရုတ်နိုင်ငံ သားများ(စုံစမ်းဆဲ)အား(ပ)၇/ ၂ဝ၂ဝ၊သတ္တုတွင်းဥပဒေပုဒ်မ ၃ဝ(က) အရ အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။ (မိုးခါး)






အခြားဆက်စပ်သတင်းများ