ဧပြီ ၃၀
ဘွန်ဒက်လီဂါ အမှတ်ပေး ပြိုင်ပွဲ ပွဲစဉ် ၃၁ တွင် ဒမ်စတက် အသင်းက ဟီဒန်ဟိမ်းအသင်းကို နောက်ကျသွင်းဂိုးဖြင့် ရှုံးနိမ့်ခဲ့ သောကြောင့် ဘွန်ဒက်လီဂါ-၂ သို့ ပထမဆုံး တန်းဆင်းခဲ့ရသည့် အသင်းဖြစ်ခဲ့ကြောင်း သိရသည်။
ဒမ်စတက်အသင်းသည် ယခုနှစ်မှ ဘွန်ဒက်လီဂါပြိုင်ပွဲသို့ တန်းတက်လာခဲ့သော်လည်း အမှတ်ပေးပြိုင်ပွဲ ၃၁ ပွဲ ကစား အပြီးတွင် ရမှတ် ၁၇ မှတ်သာ စုဆောင်းနိုင်ခဲ့သဖြင့် အမှတ်ပေး ဇယား အောက်ဆုံးတွင်ရောက်ရှိ ခဲ့ပြီး လက်ကျန် သုံးပွဲအလိုတွင် Play-off ကစားခွင့်ရရှိနိုင်မည့် အဆင့် ၁၆ တွင် ရပ်တည်နေသည့် မိန့်ဇ်အသင်းနှင့် ရမှတ် ၁၁ မှတ်ထိ ကွာဟသွားသောကြောင့် ဘွန်ဒက်လီဂါ-၂ သို့ တန်းဆင်းခဲ့ ရခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်တွင် ဒမ်စတက် အသင်းသည် အိမ်ကွင်း အားသာ ချက်ဖြင့် ဖိအားပေး ကစားနိုင်ခဲ့ သော်လည်း ထိရောက်သည့် ဂိုးပေါက်ခြိမ်းခြောက်မှု သုံးကြိမ် သာ ပြုလုပ်နိုင်ခဲ့ပြီး ပွဲကစားချိန် ၉၀ မိနစ်တွင် ဟီဒန်ဟိမ်း အသင်း က အနိုင်ဂိုးရရှိခဲ့ကာ ရမှတ် ၃၇ မှတ်ရရှိပြီး တန်းဆင်းဇုန်မှလွတ် မြောက်ခဲ့သည်။
ထို့ပြင် ဒမ်စတက်အသင်း သည် ယခုနှစ်ဘောလုံးရာသီ အိမ်ကွင်းပွဲစဉ်တွင် ပြီးခဲ့သည့် အောက်တိုဘာလက ကစားခဲ့ သည့် ဝါဒါဘရီမင်အသင်းနှင့် ပွဲစဉ်၌ လေးဂိုး၊ နှစ်ဂိုးဖြင့် အနိုင် ရခဲ့ပြီးနောက် အိမ်ကွင်း ၁၆ ပွဲတွင် သုံးပွဲသရေ၊ ၁၂ ပွဲရှုံး၊ နိုင်ပွဲ တစ်ပွဲသာရရှိခဲ့သည့် အသင်း အဖြစ် မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့ ကြောင်း သိရသည်။
သူရိန်