နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပါးကို အနိုင်ရပြီး အာဆင်နယ်အသင်း အမှတ်ပေးဇယား ဆက်လက်ဦးဆောင်

ဧပြီ  ၂၉

ပရီးမီးယားလိဂ်ပွဲစဉ် ၃၅ အဖြစ် စပါးအသင်းနှင့် အာဆင် နယ်အသင်းတို့ ယမန်နေ့ ညပိုင်း က တော်တင်ဟမ် ဟော့စပါး ကွင်း၌ ယှဉ်ပြိုင်ကစားကြရာ အာ ဆင်နယ်အသင်းက စပါးအသင်း ကို သုံးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။

လန်ဒန်ဒါဘီပွဲစဉ်ဖြစ်သည် နှင့်အညီ နှစ်သင်းစလုံး တိုက်စစ် ဖွင့်ကစားခဲ့ကြပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကာ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သည်။ ပွဲကစားချိန် ၁၅ မိနစ် တွင် ဟော့ဂျက်၏ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ခြင်းကြောင့် အာဆင် နယ်အသင်း အဖွင့်ဂိုးရရှိခဲ့ပြီး စပါး အသင်း၏ ချေပဂိုးမှာလည်း VAR စနစ်ဖြင့် လူကျွံဘော သတ်မှတ် ခံခဲ့ရသည်။

အာဆင်နယ်အသင်းက အခွင့် အရေး ပိုမိုဖန်တီးနိုင်ခဲ့ပြီး ပွဲကစား ချိန် ၂၇ မိနစ်တွင် ဆာကာနှင့် ၃၈ မိနစ်တွင် ကိုင်ဟားဗက်တို့က နောက်ထပ်အနိုင်ဂိုးများကို သွင်းယူ ပေးခဲ့ကာ ပထမပိုင်းကို ဂိုးပြတ် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်း ပွဲချိန် ၆၄ မိနစ်တွင်  အာဆင်နယ်ဂိုးသမား ရာယာ၏ အမှားကတစ်ဆင့် ရိုမဲရိုးက စပါး အတွက် ချေပဂိုးတစ်ဂိုး သွင်းယူပေး ခဲ့သည်။ ချေပဂိုးရရှိပြီးနောက် စပါးအသင်းက တရစပ် တိုက်စစ် ဆင်ကစားခဲ့ပြီး အာဆင်နယ် အသင်း ခံစစ်ကို အလုပ်ရှုပ်စေ ခဲ့သည်။ ထို့နောက် ၈၇ မိနစ်တွင် စပါးအသင်း ပင်နယ်တီရရှိခဲ့ပြီး ဆွန်ဟောင်မင်က အမှားအယွင်း မရှိ သွင်းယူပေးခဲ့သည်။

လက်ကျန်မိနစ်များတွင် အာဆင်နယ်အသင်းက အကောင်း ဆုံးပုံစံဖြင့် စပါးအသင်း၏ တိုက်စစ်ကို ထိန်းချုပ်ကစားနိုင် ခဲ့ပြီး လန်ဒန်ဒါဘီပွဲစဉ်တွင် နိုင်ပွဲဖော်ဆောင်နိုင်ခဲ့သည်။ အာဆင်နယ်အသင်းသည် ရမှတ်  ၈၀ ဖြင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားပြီး ဒုတိယနေရာမှ မန်စီးတီးထက် တစ်ပွဲပိုကစားကာ တစ်မှတ်ကွာဟ လျက်ရှိသည်။                 







သူရိန်






အခြားဆက်စပ်သတင်းများ