ဧပြီ ၂၉
ပဲလေ့စ်အသင်းသည် ပရီးမီး ယားလိဂ် အသင်းများဖြစ်သည့် မန်စီးတီးနှင့် စပါးအသင်းတို့က စိတ်ဝင်စားနေသည့် ကွင်းလယ် တိုက်စစ်ကစားသမား အက်ဇီနှင့် တောင်ပံကစားသမား အိုလစ်ဆီ တို့ နှစ်ဦးအတွက် ပြောင်းရွှေ့ ကြေး စတာလင်ပေါင် သန်း ၁၂၀ အလိုရှိကြောင်း ထုတ်ပြန်ခဲ့သည်။
အသက် ၂၅ နှစ်အရွယ်ရှိ အက်ဇီနှင့် အသက် ၂၂ နှစ်ရှိ အိုလစ်ဆီတို့သည် ပဲလေ့စ်အသင်း နှင့် လာမည့် ၂၀၂၇ ခုနှစ်မှ စာချုပ် သက်တမ်း ကုန်ဆုံးမည်ဖြစ်သော် လည်း ကစားသမားတစ်ဦးလျှင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၆၀ ရရှိပါက ရောင်းချသွား မည်ဖြစ်ကြောင်း ပဲလေ့စ်အသင်း က ကြေညာခဲ့သည်။
အဆိုပါ ကစားသမားနှစ်ဦး သည် ယခင်ကတည်းက အသင်း နှင့်အတူ ခြေစွမ်းပြကစားနေသည့် ကစားသမားများဖြစ်ပြီး အက်ဇီ အနေဖြင့် ယခုနှစ် ဘောလုံးရာသီ တွင် ကြွက်သားဒဏ်ရာကြောင့် အနားယူခဲ့ရသော်လည်း ပါဝင်ခဲ့ သည့် ပွဲစဉ်များတွင် သွင်းဂိုး ရှစ်ဂိုး နှင့် ဂိုးဖန်တီးမှု ငါးကြိမ် ပြုလုပ်နိုင် သကဲ့သို့ အိုလစ်ဆီသည်လည်း အမှတ်ပေးပြိုင်ပွဲ ၁၅ ပွဲတွင် သွင်းဂိုး ခုနစ်ဂိုးနှင့် ဂိုးဖန်တီးမှု လေးကြိမ်ထိ ပြုလုပ်နိုင်ခဲ့သော ကြောင့် စပါးအသင်းနှင့် မန်စီးတီး အသင်းတို့က ခေါ်ယူရန် ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။
သူရိန်