နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူထူထပ်သည့် နေရာများသို့သွားပါက နှာခေါင်းစည်းတပ်ဆင်မည်ဟု ဒေါ်နယ်ထရမ့် ဆို

ဇူလိုင် ၂  ဝါရှင်တန်


လူအရမ်းများသည့် နေရာများကိုသွားပါက နှာခေါင်းစည်းတပ်ဆင်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ ဒေါ်နယ်ထရမ့်မှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကြုံနေရချိန်ကာလအတွင်း နှာခေါင်းစည်းမပါဘဲ လူမြင်ကွင်းသို့ ထွက်လေ့ရှိသည်။ ပြီးခဲ့သည့်အင်္ဂါနေ့တွင် ရီပတ်ဗလစ်ကန်ပါတီဝင် တစ်ဦးဖြစ်သည့် တင်နက်ဆီပြည်နယ် အထက်လွှတ်တော် လာမာအလက်ဇန္ဒားက ဒေါ်နယ်ထရမ့်အနေဖြင့် စံပြအနေဖြင့် နှာခေါင်းစည်းတပ်ဆင်ရန် တိုက်တွန်းခဲ့သည်။ အမေရိကန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာသစ် ၅၂၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည့်နေ့တွင် ဒေါ်နယ်ထရမ့်က နှာခေါင်းစည်းတပ်ဆင်မည်ဟု ပြောခဲ့ခြင်းဖြစ်သည်။


အမေရိကန်နိုင်ငံတွင် Covid-19 အတည်ပြုလူနာ ၂.၇ သန်းနီးပါး ရှိလာခဲ့ပြီး သေဆုံးသူ ၁၂၈၀၀၀ ကျော်ရှိနေသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်က ဖော်ပြသည်။ '' လူအရမ်းကျပ်ရင်တော့ နှာခေါင်းစည်းတပ်ဆင်မှာပါ။ လူမြင်ကွင်းမှာ နှာခေါင်းစည်းတပ်ရတာ ပြဿနာမဟုတ်ပါဘူး''ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ သို့သော် နှာခေါင်းစည်းတပ်ဆင်လျှင် ယင်း၏ပုံစံမှာ Lone Ranger (စိတ်ကူးယဉ်ဇာတ်လမ်းထဲမှ သူရဲကောင်း)ပုံစံဖြစ်နေလိမ့်မည်ဟု ဒေါ်နယ်ထရမ့်က ဆိုသည်။ သို့သော် Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရန်အတွက် နှာခေါင်းစည်းများ၊ မျက်နှာအကာအကွယ်များ မဖြစ်မနေတပ်ဆင်ရန် မလိုအပ်ဆိုသော အယူအဆကို ဒေါ်နယ်ထရမ့်က လက်ခံထားဆဲဖြစ်သည်။                                


(KNT)






အခြားဆက်စပ်သတင်းများ