နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အန်ဇိုဖာနန်ဒက်၏ ဒဏ်ရာခွဲစိတ်မှု အောင်မြင်ကြောင်း ချဲလ်ဆီးအသင်း ထုတ်ပြန်

ဧပြီ  ၂၈

ချဲလ်ဆီးအသင်းသည် ကွင်း လယ်ကစားသမား အန်ဇိုဖာနန် ဒက်၏ ပေါင်ခြံဒဏ်ရာကို ခွဲစိတ် ကုသမှုပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ သော်လည်း ကစားသမားအနေ ဖြင့် လာမည့် ဇွန်လမှသာ အသင်း နှင့် ပြန်လည်ပူးပေါင်းနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အန်ဇိုဖာနန်ဒက်သည် လွန်ခဲ့ သည့် ခြောက်လကတည်းက ပေါင်ခြံဒဏ်ရာ နာကျင်မှုရှိနေ သော်လည်း ခွဲစိတ်ကုသမှုမပြုလုပ် ဘဲ ယခုအခါတွင် ဒဏ်ရာအခြေ အနေမှာ ပိုမိုဆိုးရွားလာခဲ့ပြီး နောက် အာဆင်နယ်အသင်းနှင့် အမှတ်ပေးပွဲစဉ်တွင် ပွဲကစား ချိန် ၆၇ မိနစ်အရောက်၌ အဆိုပါ ဒဏ်ရာကြောင့် ဆက်လက် ကစားနိုင်ခြင်း မရှိတော့သဖြင့် အသင်းဖော်ကစားသမား ချာလို ဘာနှင့် လူစားလဲထွက်ခွာခဲ့ရ သည်။

ထို့နောက် အန်ဇိုဖာနန်ဒက် သည် ပေါင်ခြံဒဏ်ရာကို ခွဲစိတ် ကုသမှုခံယူရန် ဆုံးဖြတ်ခဲ့ပြီး ခွဲစိတ်မှု အောင်မြင်ခဲ့သော်လည်း ချဲလ်ဆီးအသင်း၏ လက်ကျန် ပွဲစဉ်များကို လွဲချော်မည်ဖြစ်ပြီး ကစားသမားအနေဖြင့် ဇွန်လမှ သာ အသင်းနှင့် ပြန်လည် ပူးပေါင်းနိုင်မည်ဖြစ်ကြောင်း သိ ရသည်။







သူရိန်






အခြားဆက်စပ်သတင်းများ