နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်အစိုးရ၏ လုံခြုံရေးဥပဒေသစ်အရ ဟောင်ကောင်မြို့တွင် ဖမ်းဆီးမှုများပြုလုပ်

ဇူလိုင် ၂ ဟောင်ကောင်


တရုတ်အစိုးရက ချမှတ်ခဲ့သည့် လုံခြုံရေးဥပဒေသစ်အရ ဟောင်ကောင်ရဲတပ်ဖွဲ့က ဟောင်ကောင်မြို့တွင် ဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်ခဲ့သည်။ ဟောင်ကောင်မြို့တွင် ဗြိတိန်နိုင်ငံ၏ အုပ်ချုပ်မှု အဆုံးသတ် သည့် ၂၃ နှစ်မြောက် အထိမ်းအမှတ်အဖြစ် စုဝေးပွဲလုပ်ချိန်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ် သည်။ ကိုယ်ပိုင်လွတ်လပ်ရေးအလံ ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးအပါအဝင် လူ ၁၀ ဦးကို ဥပဒေချိုးဖောက်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တားမြစ်ထားသည့်စုဝေးပွဲတစ်ခုတွင် နောက်ထပ်လူ ၃၆၀ ကို ထိန်းသိမ်းခဲ့သည်။ အမျိုးသားလုံခြုံရေးဥပဒေသစ်မှာ ခွဲထွက်ရန် ကြိုးစားမှု၊ အစိုးရအဖွဲ့ကို ပြုတ်ကျအောင် တော်လှန်ပုန်ကန်မှု၊ အကြမ်းဖက်မှု စသည့် ပြစ်မှုများကို အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည်။ 


အဆိုပါ ဥပဒေမှာ ဟောင်ကောင်မြို့၏ လွတ်လပ်ခွင့်များကို တိုက်စားနေသည်ဟု တက်ကြွလှုပ်ရှားသူများက ဝေဖန်ခဲ့သော်လည်း တရုတ်အစိုးရက ဝေဖန်မှုများကို ပယ်ချခဲ့သည်။ ဗြိတိန်အစိုးရမှာ ၁၉၉၇ ခုနှစ်က ဟောင်ကောင်မြို့ကို တရုတ်နိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး တစ်နိုင်ငံ၊ စနစ်နှစ်ခု သဘောတူညီချက်အရ သတ်မှတ်ထားသည့် အခွင့်အရေးများကို အနည်းဆုံး နှစ် ၅၀ ကြာ ပေးအပ်မည်ဟု ထင်မှတ်ခဲ့သည်။ ယခုအခါတွင် ဗြိတိန်နိုင်ငံက ဟောင်ကောင်ဒေသခံ ၃ သန်းကို ဗြိတိန်နိုင်ငံတွင် အခြေချ နေထိုင်ခွင့်၊ နိုင်ငံသားခံယူခွင့်ပေးမည်ဟု ကမ်းလှမ်းရန် ရှိနေသည်။                                                                   


(KNT)






အခြားဆက်စပ်သတင်းများ