နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူ ၂၀ ခန့် နေအိမ်ထဲဝင်ပြီး ဓားများဖြင့်ဝိုင်းခုတ်၍ လူတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရရှိမှုဖြစ်

ကြို့ပင်ကောက် ဧပြီ ၇ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရွာမမြောက်ရပ်ကွက်၊ ကံညီနောင်လမ်းရှိ ဦးဘာဘူလေး(ခ)ဦးမောင်မောင်မြင့် (၅၂ နှစ်) ထင်းရောင်းချသူ၏ နေအိမ်သို့ ဧပြီ ၅ ရက် ညနေ ၆ နာရီခွဲခန့် က ဓားကိုယ်စီကိုင်ဆောင်ထားသော လူ ၂၀ ခန့် အတင်းဝင်ရောက်ပြီး ဓားများဖြင့်ဝိုင်းခုတ်ကြရာ ဦးမောင်မောင်မြင့်က မိသားစုနှင့်အတူ နေအိမ်တံခါးပိတ်ကာ နေအိမ်မှ ထွက်ပြေးခဲ့သည်။ ဦးမောင်မောင်မြင့်နေအိမ်သို့ နေ့စဉ် ပန်းလာရောင်းရန် ရောက်ရှိနေကြသော ဒေါ်စန်းစန်းမော်(၅၈ နှစ်)၊ သားနှစ်ဦးဖြစ်သူ အောင်ကိုကိုဦး(၄၀ နှစ်)နှင့် အောင်ဇော်ဇော်(၂၆ နှစ်)တို့အား ဓားများဖြင့်ဝိုင်းခုတ်ကြသဖြင့် အောင်ဇော်ဇော်မှာ သေဆုံးပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။ ဓားဖြင့်ဝိုင်းခုတ်ခဲ့ကြသော ကိုမောင်အေး၊ ဦးရောင်ကြီး၊ ကိုဖိုးဆောင်းနှင့် အတူပါလာသော လူ ၂၀ ဦးတို့အား ကြို့ပင်ကောက်မြို့မရဲစခန်းမှ (ပ)၅၃၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇေယျာထွန်း(ကြို့ပင်ကောက်)






အခြားဆက်စပ်သတင်းများ