နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သစ်တောနှင့်ပတ်ဝန်းကျင်ရာသီဥတု

လူသားအားလုံးအသက်ရှင်နိုင်ရေးအတွက် ရာသီဥတုမျှတခြင်း သည်အဓိကအချက်ဖြစ်နေသည်ကို အားလုံးသိရှိပြီးဖြစ်သည်။ ကမ္ဘာ့သစ်တောကြီးများ တစ်စတစ်စပြုန်းတီးလာခြင်းသည် လူတို့ ၏ ပယောဂကြောင့်အများဆုံး ဆုံးရှုံးနေရသည်။ သဘာဝဘေး  အန္တရာယ်တောမီးလောင်ကျွမ်းမှုကြောင့်လည်း ဆုံးရှုံးနေသည်။ မည်သို့ဆိုစေ သစ်တောပြုန်းတီးမှုသည် သက်ရှိများရှင်သန်ရေး တွင်  ကြီးမားသောဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။ ရာသီဥတုသည် တောကိုအမှီအဟဲပြုသည်ဆိုလျှင် မှားမည်မဟုတ်ပေ။

 မြန်မာနိုင်ငံတွင် သစ်တောသယံဇာတပေါကြွယ်ဝသော်လည်း ကမ္ဘာ့သစ်တောကြီးများနည်းတူ မိမိတို့နိုင်ငံရှိတောင်ပေါ်သစ်တော၊ ရွက်ပြတ်သစ်တော၊ အမြဲစိမ်းသစ်တောများ၊ ဒီရေတောများ  တစ်စတစ်ယိုယွင်းပျက်စီးလာနေသည်။

သစ်တောများပြုန်းတီးခြင်းကြောင့် ကာဗွန်ထုတ်လွှတ်မှုပမာဏ သည် ကဏ္ဍအသီးသီးမှထုတ်လွှတ်မှု၏ ၁၇ဒသမ ၄ ရာခိုင်နှုန်းရှိ သောကြောင့် သစ်တောဥပဒေသက်ရောက်မှု၊ စီမံခန့်ခွဲမှုနှင့် ကုန်သွယ်လုပ်ငန်းစဉ်ကို အာဆီယံနိုင်ငံများနှင့်ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။

 သစ်တောထိန်းသိမ်းရေး၊ သစ်တောစိုက်ခင်းအမျိုးမျိုး တည်ထောင်ခြင်းနှင့် ဒီရေတောအပါအဝင် သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းစဉ်များသည် ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများကို တိုးပွားစေ၍ ပစ္စုပ္ပန်နှင့်အနာဂတ်မျိုးဆက်များအတွက် စီးပွားရေး၊ လူမှုရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများရရှိမည်ဖြစ် သည်။ သစ်တောများမှ အထောက်အပံ့ပြုသော ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှု၊ ဂေဟစနစ်ဆိုင်ရာဝန်ဆောင်မှု အမျိုးမျိုးရရှိမည်ဖြစ် သည်။

ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနှင့်သစ်တောသယံဇာတများ ပြန်လည်ဖွံ့ဖြိုးလာရန် ဆောင်ရွက်လျက်ရှိသည်။ သစ်တောသစ်ပင် စိမ်းလန်းစိုပြည်လာသည်နှင့်အမျှ လူသားကိုမှီခိုအားထားရာ အကျိုးပြုရာ သဘာဝပတ်ဝန်းကျင်လည်း ရှင်သန်ဖွံ့ဖြိုးလာမည် ဖြစ်သည်။ သစ်ပင်ရှင်သန်အောင် စိုက်ပျိုးခြင်းသည်လွယ်ကူ သော်လည်း ကြီးအောင်ပြုစုရန်၊ မြဲအောင်ထိန်းသိမ်းရန်ခက်ခဲသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် ထာဝရကုသိုလ်ပြုခြင်းလည်းမည်၏။

 သစ်တောသစ်ပင်စိုက်ပျိုးလျှင် စွမ်းအင်လည်းရ၊ ပြည်လည်းလှ ဆိုသည့်အတိုင်း ကမ္ဘာမြေ၏သဘာဝပတ်ဝန်းကျင်မထိခိုက် အောင်၊ မပျက်စီးအောင် ထိန်းသိမ်းကာကွယ်နိုင်သည့် သစ်တော စိုက်ခင်းစီမံကိန်းကြီးများသည် ကြီးမားသောအထောက်အပံ့ကို  ဖြစ်စေပါကြောင်း။     






အခြားဆက်စပ်သတင်းများ