နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိူင်မြို့နယ်တွင် We Love Yangon(Hlaing) ဖွဲ့စည်း၍ အိမ်အရောက် အခြေခံစားသောက်ကုန်များ ပို့ဆောင်မည်

ရန်ကုန် ဧပြီ ၇ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိူင်မြို့နယ်တွင် We Love Yangon(Hlaing) အမည်ဖြင့် အဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားရန် မြို့နယ်‌ထွေအုပ်၊ လွှတ်‌တော်ကိုယ်စားလှယ်များ၊ ပရဟိတအသင်းများ‌၊ စေတနာရှင် များ ပူး‌ပေါင်းလုပ်ဆောင်လျက်ရှိပြီး ပုံစံ ၃ မျိုးဖြင့် အထုပ်များထုပ်ပိုး၍ မိမိကြိုက်နှစ်သက်ရာ အထုပ် အမျိုးအစားကို မြို့နယ်မ‌ရွေး မှာယူနိုင်ရန်နှင့် အိမ်အရောက်ပို့‌ဆောင်ပေးရန်‌ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းအထုပ်များတွင် အ‌ခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်၊ ငါးခြောက်၊ ငရုတ်သီးမှုန့်၊ ကော်ဖီမစ် စသည်တို့ပါရှိကြောင်း၊ လက်လုပ်လက်စား ဝင်ငွေနည်းပြည်သူများအား လှူဒါန်းလိုသူများမှလည်း We Love Yongon(Hlaing)အဖွဲ့ထံ ဖုန်း ၀၉၅၁၇၇၅၉၅ သို့ တိုက်ရိုက်မှာယူ ဆက်သွယ်ချိတ်ဆက်၍ လှူဒါန်း နိုင်ကြောင်း သတင်းရရှိသည်။ သန္တာမေ(ပြန်‌ဆက်)






အခြားဆက်စပ်သတင်းများ