နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာအသင်းကို လူမျိုးရေး ခွဲခြားမှုကြောင့် ယူအီးအက်ဖ်အေ ပြစ်ဒဏ်ချမှတ်

ဧပြီ  ၂၁

ချန်ပီယံလိဂ် ကွာတားဖိုင် နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းက ဘာစီလိုနာ အသင်းကို လေးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် ဘာစီလို နာအသင်းက ပရိသတ်များက ပြိုင်ဘက်ကစားသမားများကို လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့သော ကြောင့် ယူအီးအက်ဖ်အေက ဘာစီလိုနာအသင်းကို ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။ 

ယူအီးအက်ဖ်အေအနေဖြင့် လူမျိုးရေးခွဲခြားမှု ပြလုပ်ခဲ့သည့် ဘာစီလိုနာအသင်းကို ပရိ သတ်များအား ထိန်းသိမ်းရန် ပျက်ကွက်မှုဖြင့် ဒဏ်ငွေ စတာလင်ပေါင် ၂၁၄၀၀ ချမှတ်ခဲ့ပြီး ဧပြီ ၁၈ ရက်မှစတင် ကာ တစ်နှစ်တာ ကာလအတွင်း ဥရောပပြိုင်ပွဲ အဝေးကွင်းပွဲစဉ် တစ်ပွဲကို လက်မှတ်ရောင်းချခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘာစီလိုနာအသင်း သည် ပထမအကျော့က ပဲရစ်မြို့ တွင် ကစားခဲ့သည့် ပီအက်စ်ဂျီ အသင်းကို သုံးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင်လည်း  ပရိတ်သတ်များအနေဖြင့် ကွင်း အတွင်း မီးရှုးမီးပန်းများပစ် ဖောက်ခဲ့မှုကြောင့် စတာလင် ပေါင် ၁၇၀၀ နှင့် ဆူပူမှုများဖြစ်ရန် လှုံ့ဆော်မှုများကြောင့် ဒဏ် ငွေ စတာလင်ပေါင် ၄၂၈၀ ယူအီးအက်ဖ်အေက ထပ်မံ ချမှတ်ခဲ့ကြောင်း သိရသည်။ 










 သူရိန်






အခြားဆက်စပ်သတင်းများ