နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝုလ်ဗ်ကို အနိုင်ရပြီး အာဆင်နယ်အသင်း အမှတ်ပေးဇယား ယာယီဦးဆောင်

ဧပြီ  ၂၁

ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ အဖြစ် ဝုလ်ဗ်အသင်းနှင့် အာဆင် နယ်အသင်းတို့ ယနေ့ နံနက် အစောပိုင်းက မိုလီနက်စ်ကွင်း၌ ယှဉ်ပြိုင်ကစားကြရာ အာဆင် နယ်အသင်းက ဝုလ်ဗ်အသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး အမှတ်ပေးဇယားကို ယာယီဦး ဆောင်နိုင်ခဲ့သည်။

အဆိုပါပွဲစဉ်တွင် အာဆင် နယ်အသင်းက တစ်ပွဲလုံး ခြေ စွမ်းအသာဖြင့် ကစားနိုင်ခဲ့သော် လည်း အဆုံးသတ်အားနည်း မှုများကြောင့် ဂိုးသွင်းရန်ရုန်းကန် ခဲ့ရပြီး ခက်ခက်ခဲခဲ နိုင်ပွဲရယူ ခဲ့ရသည်။ 

အာဆင်နယ် အသင်း၏ ခံစစ်က အကောင်းဆုံးပုံစံဖြင့် တည်ငြိမ်မှု ပြသနိုင်ခဲ့သော်လည်း ကွင်းလယ်နှင့် တိုက်စစ်ပိုင်းက အချိတ်အဆက်လွဲနေသကဲ့သို့ ရလာသည့် အခွင့်အရေးများကို လည်း အသုံးချနိုင်ခြင်းမရှိဘဲ ဖြုန်းတီးခဲ့ကြသည်။ ဝုလ်ဗ် အသင်း၏ တိုက်စစ်ကလည်း အာဆင်နယ်အသင်း ခံစစ်ကို ကျော်ဖြတ်ရန် ခက်ခဲနေခဲ့ကာ ထိရောက်သည့် ဂိုးပေါက် ခြိမ်း‌ခြောက်မှု သုံးကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။

ပွဲကစားချိန် ၄၅ မိနစ်တွင် ထရော့ဒ်ဆက်၏ ဂိုးဖြင့် အာဆင် နယ်အသင်း အဖွင့်ဂိုးရရှိခဲ့ပြီး တိုက်စစ်က အခွင့်အရေး အကြိမ် ကြိမ် ဖန်တီးနိုင်ခဲ့သော်လည်း အသုံးချနိုင်ခြင်းမရှိခဲ့ဘဲ ပွဲပြီးခါနီး မှသာ အသင်းခေါင်းဆောင် အိုဒီ ဂတ်က အနိုင်သေချာစေမည့် သွင်းဂိုးကို သွင်းယူပေးခဲ့ကာ အဝေးကွင်းတွင် အနိုင်သုံးမှတ် ရယူနိုင်ခဲ့သည်။

အဆိုပါ ရလဒ်ကြောင့် အာဆင်နယ်အသင်းသည် ရမှတ် ၇၄ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး ဒုတိယနေရာမှ မန်စီးတီးအသင်းထက် တစ်ပွဲပို ကစားကာ တစ်မှတ်ဖြတ်ထားနိုင် ခဲ့သည်။









သူရိန်






အခြားဆက်စပ်သတင်းများ