နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီအသင်းက နည်းပြ နာဂျယ်စမန်းကို သက်တမ်းတိုးစာချုပ် ချုပ်ဆို

ဧပြီ  ၂၀

ဂျာမနီအသင်းက နည်းပြ နာဂျယ်စမန်းကို လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို နိုင်ခဲ့ကြောင်း အတည်ပြု ကြေညာခဲ့သည်။

အသက် ၃၆ နှစ်အရွယ်ရှိ နည်းပြ နာဂျယ်စမန်းသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လ က ဘိုင်ယန်မြူးနစ်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် စက်တင် ဘာလက ဂျာမနီအသင်း နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး စာချုပ်သက်တမ်းမှာ လာမည့် ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးတွင် ကုန်ဆုံးမည်ဖြစ်သည်။

နည်းပြ နာဂျယ်စမန်းသည် ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးတွင် ဂျာမနီအသင်းနှင့် စာချုပ်သက် တမ်းကုန်ဆုံးလျှင် အသင်းနှင့် လမ်းခွဲပြီး အသင်းဟောင်း ဘိုင်ယန်မြူးနစ်၊ လီဗာပူး၊ မန်ယူအသင်းတို့ကို ကိုင်တွယ် ရန် သတင်းများ ထွက်ပေါ်ခဲ့ သော်လည်း ယခုအခါ ဂျာမနီ အသင်းနှင့် ဆက်လက် လက်တွဲ ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အထိ တာဝန်ယူသွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နည်းပြ နာဂျယ်စမန်းသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက် တိုဘာ ၁၅ ရက်က နိုင်ငံတကာ ခြေစမ်းပွဲစဉ်အဖြစ် ကစားခဲ့ သည့် အမေရိကန်အသင်းနှင့် ဂျာမနီအသင်းတို့ ပွဲစဉ်တွင် အသင်းကို စတင်တာဝန်ယူခဲ့ပြီး လက်ရှိတွင် ခြောက်ပွဲ တာဝန် ယူခဲ့ရာ သုံးပွဲနိုင်၊ နှစ်ပွဲရှုံး၊ တစ်ပွဲသရေ ရလဒ်ရရှိအောင် စွမ်းဆောင်ထားကြောင်း သိရ သည်။








သူရိန်






အခြားဆက်စပ်သတင်းများ