နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆာလာ၏ နေရာတွင် ကူဒက်နှင့်အစားထိုးရန် လီဗာပူးအသင်း ပြင်ဆင်

ဧပြီ  ၁၉

လီဗာပူး အသင်းသည် လာမည့် နွေရာသီ၌ တိုက်စစ် မှူးဆာလာ အသင်းမှ ထွက်ခွာ သွားပါက ၎င်း၏နေရာတွင် အစားထိုးရန်အတွက် ဝက်စ် ဟမ်းအသင်းတွင် ခြေစွမ်းပြ ကစားနေသည့် တောင်ပံကစား သမား ကူဒက်ကို ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။ 

လက်ရှိတွင် တိုက်စစ်မှူး ဆာလာကို ဆော်ဒီပရိုလိဂ်က မြင့်မားသည့် ပြောင်းရွှေ့ကြေး ဖြင့် ခေါ်ယူရန်  ချိတ်ဆက်နေ‌ သောကြောင့် လီဗာပူးအသင်း က ကစားသမားကို လက်လွှတ် ရန်ဆုံးဖြတ်ထားခြင်းဖြစ်သည်။

 လီဗာပူးအသင်းသည် ဆာလာ၏ နေရာတွင်  အစား ထိုးနိုင်ရန် အေဂျက်အသင်းမှ ဝက်စ်ဟမ်းအသင်းသို့ စတာ လင်ပေါင် ၃၈ သန်းဖြင့် ပြောင်း ရွှေ့ခဲ့ပြီးနောက် ပရီးမီးယားလိဂ် တွင် သွင်းဂိုး ၁၃ ဂိုးနှင့် ဂိုးဖန်တီးမှု လေးကြိမ်အထိ ပြုလုပ်နိုင်ခဲ့သည့် အသက် ၂၃ နှစ်ရှိ ဝက်စ်ဟမ်းအသင်း တောင်ပံကစားသမား ကူဒက် ကို ခေါ်ယူလိုနေခြင်းဖြစ်သည်။

ကူဒက်သည် တိုက်စစ်မှူး ဆာလာ ကစားသည့် ဘယ် တောင်ပံတိုက်စစ်ပိုင်းတွင် ပါဝင်ကစားနေသူဖြစ်သဖြင့် လီဗာပူးအသင်းက ၎င်းကို ခေါ်ယူရန် သေချာနေ သော်လည်း ဆာလာ၏နေရာ တွင် တိုက်ရိုက်အစားထိုးနိင် ရန် အာမခံချက်ပေးမည်မဟုတ် ဘဲ အန်ဖီးလ်တွင်ခြေစွမ်း ပိုင်းပေါ် မူတည်၍ ပွဲထွက်ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။   






သူရိန်






အခြားဆက်စပ်သတင်းများ