နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နာပိုလီအသင်း တိုက်စစ်မှူး အိုစီမန်ကို ခေါ်ယူရန် ပီအက်စ်ဂျီအသင်း နီးစပ်

ဧပြီ  ၁၉

ပီအက်စ်ဂျီ အသင်းက နာပိုလီအသင်းနှင့် အနာဂတ် မရေမရာဖြစ်နေသည့် တိုက်စစ် မှူး အိုစီမန်ကို လာမည့် နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလတွင် ခေါ်ယူနိုင်ရန် နီးစပ် လျက်ရှိကြောင်း သိရသည်။ 

အသက် ၂၅ နှစ်အရွယ်ရှိ တိုက်စစ်မှူး အိုစီမန်သည် ပြီးခဲ့ သည့် ၂၀၂၀ ပြည့်နှစ်က လိုင်လီ အသင်းမှ နာပိုလီအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြသ နေသူဖြစ်သည်။

ထို့ပြင် တိုက်စစ်မှူး အိုစီမန် သည် ပြီးခဲ့သည့် ဘောလုံးရာသီ က နာပိုလီအသင်းကို စီးရီးအေ ချန်ပီယံဆု ဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခဲ့သည့်အပြင် စီးရီး အေ သွင်းဂိုးအများဆုံး ကစား သမားဆု၊ စီးရီးအေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု တို့ကို ရရှိခဲ့ပြီး အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ သူဖြစ်သည်။

လက်ရှိ အိုစီမန်နှင့် နာပိုလီ အသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်ပါ အချက်အလက်များ အရ ၎င်းတို့ ခေါ်ယူလိုသည့် အသင်းများအနေဖြင့် စာချုပ် လျော်ကြေး ယူရို သန်း ၁၂၀ ပေးချေရမည်ဖြစ်ပြီး ပီအက်စ်ဂျီ အသင်းက ပရီးမီးယားလိဂ် ထိပ်တန်းအသင်းများထက်  လက်ဦးမှုရယူလိုသည့်အတွက် စာချုပ်လျော်ကြေး ပေးချေပြီး ခေါ်ယူနိုင်ရန် နီးစပ်နေခြင်းဖြစ် ကြောင်း သိရသည်။








သူရိန်






အခြားဆက်စပ်သတင်းများ