ရန်ကုန် ဧပြီ ၇ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်ပမှ ပြန်လည်ဝင်ရောက်လာမည့်သူများအား Community Quarantine ထားရှိမည့်နေရာဖြစ်သည့် တာမွေမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များက ကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ ရေ၊မီး၊မိလ္လာ စသည့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် သန့်ရှင်းရေး နှင့် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကိုလည်း လူမှုရေးအသင်းအဖွဲ့များက ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရစဉ်။ မို့မို့အောင်(ပြန်/ဆက်)